Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့တွင် စက်သုံးဆီပြတ်တောက်မှုကြောင့်ဝယ်ယူခွင့်လက်မှတ်ဖြင့်သာ ဝယ်ယူနေရ

သံတွဲမြို့တွင် စက်သုံးဆီပြတ်တောက်မှုကြောင့်ဝယ်ယူခွင့်လက်မှတ်ဖြင့်သာ ဝယ်ယူနေရ

(ထောက်ခံစာလက်မှတ် ၃ စောင် ၅၀၀၀ ပေးရ)

AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ သံတွဲမြို့တွင် စက်သုံးဆီပြတ်တောက်မှုကြောင့် စက်သုံးဆီဝယ်ယူခွင့်လက်မှတ်ဖြင့် ဝယ်ယူနေရကြောင်း စုံစမ်းသိရှိရပါသည်။

စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့ထားမှုကြောင့် သံတွဲမြို့တွင် စက်သုံးဆီ ပြတ်တောက်နေပြီ စက်သုံးဆီဝယ်ယူခွင့်လက်မှတ်ဖြင့်သာ ဝယ်ယူ၍ ရသည်ဟု သံတွဲမြို့ခံတစ်ဦးမှ AB News သို့ ပြောသည်။

စစ်ကောင်စီ ဝန်ထမ်းများကို သက်ဆိုင်ရာ ရုံး ထောက်ခံစာလက်မှတ်ထုတ်ပေးကာ၊ အရပ်သားပြည်သူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ လက်မှတ် သုံးစောင်လျှင် ၅၀၀၀ ကျပ်ဖြင့် ယူကာ စက်သုံးဆီ ဝယ်ယူရကြောင်း ပြောသည်။

“စစ်ကောင်စီခန့် အစိုးရဝန်ထမ်းတွေကတော့ ရုံးတွေက ထုတ်ပေးပါတယ်။ ရပ်ကွက်က လူတွေကတော့ ရပ်ကွက်ရုံးက ထောက်ခံစာတွေ တောင်းပြီး ဆီထည့်နေရတယ်။ မနက်က ထောက်ခံစာ သုံးစောင်ရဖို့ အုပ်ချုပ်ရေးမှူးကို ငွေ ၅၀၀၀ ပေးခဲ့ရပါတယ်” ဟု ဆိုသည်။

စက်သုံးဆီ ၁ လီတာကို ၄၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ထောက်ခံစာတစ်စောင်လျှင် ၁ လီတာသာ ဝယ်ယူရရှိကြောင်း သိရသည်။

မြို့ခံများမှာ စက်သုံးဆီ လုံးဝပြတ်တောက်သွားမည်ကို စိုးရိမ်ပူပင်လျက် ရှိသည်။

မာန်အောင်မြို့တွင်လည်း စက်သုံးဆီပြတ်တောက်မှုကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားမည်ကို မြို့ခံများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။