Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် စစ်ကောင်စီအတွက် တပ်သားစုဆောင်းနေသည့် ရာအိမ်မှူး ၁ဦး လည်လှီးသတ်ဖြတ်ခံရ

သံတွဲတွင် စစ်ကောင်စီအတွက် တပ်သားစုဆောင်းနေသည့် ရာအိမ်မှူး ၁ဦး လည်လှီးသတ်ဖြတ်ခံရ

AB News – မတ်လ ၂၂၊ ၂၀၂၄

သံတွဲမြို့နယ်တွင် ရွာသားများကို စစ်ကောင်စီထံ စစ်မှုထမ်းရန် စာရင်းကောက်ခံစုဆောင်းပေးနေသည့် ရာအိမ်မှူး ၁ဦး ယမန်နေ့ မတ်လ ၂၁ရက်၊ နေ့လယ်ပိုင်းအချိန်တွင် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

သတ်ဖြတ်ခံရသူမှာ သံတွဲမြို့နယ်၊ ဒါဝကျေးရွာမှ ရာအိမ်မှူး ဦးဝင်းရွှေ ၄၅နှစ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် သံတွဲမြို့နယ်မှ ရာအိမ်မှူး ၁ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“အသတ်ခံရသူဟာ ဒါဝရွာက ရာအိမ်မှူး ဦးဝင်းရွှေပါ။ သံတွဲမြို့က ဈေးဝယ်လို့ ရွာအပြန်မှာ အသတ်ခံခဲ့ရတာပါ။ သူက တပ်သားသစ်စုဆောင်းရေးအတွက် လူစာရင်းကို ကောက်ပေးနေသူဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ဒါဝရွာမှ ရာအိမ်မှူး ဦးဝင်းရွှေသတ်ဖြတ်ခံရမှုမှာ ပြည်သူ့စစ်မှုထမ်း စုဆောင်းမှုများနှင့်ပတ်သက်သည့်အပြင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ နိုင်ထက်စီးနင်းပြုမှုများကြောင့် အငြိုးထား သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံ ၁ဦး မှတ်ချက်ပြုပြော ဆိုသည်။

“သူက ဒါဝရွာက ရွာသား ၃၂ယောက် သူတို့ဆန္ဒမပါဘဲ စစ်မှုထမ်းစာရင်းပေးခဲ့တယ်။ သူနန့်  စီးပွားရေး၊ လူမှုရေးမှာ မသင့်မြတ်မှုတွေကို စစ်ကောင်စီ ခလရ ၅၅ တပ်နန့် ပေါင်းပြီး အနိုင်ကျင့်တာတွေ ရှိခဲ့တယ်။ အဲ့ဒါကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်” လို့ ဆိုသည်။

စစ်ကောင်စီ တပ်စွဲထားသည့် သံတွဲမြို့အပါအဝင် အခြားမြို့များတွင်လည်း အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ စစ်မှုထမ်းဆောင်ရန် လူစာရင်းများ တောင်းခံလျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ