Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူထုဇော်ဝင်းအပါအဝင် တရားစွဲခံရသူ ၅ ဦး အမှုကို ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

Arakan Bay News -ABN၊ ဇန်နဝါရီ ၃ရက်

ရှိုင်းမို

လူထုဇော်ဝင်းအပါဝင် တရားစွဲခံခဲ့ရသည့် အရပ်သား ၅ ဦးအမှုကို ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၃ရက်နေ့ မနက် ၁၀ နာရီခွဲတွင် ကျောက်တော်မြို့မ ရဲစခန်း၌ လူထုဇော်ဝင်းအပါဝင် လူ၅ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်သည့်အတွက် ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

” အခုနှင့်ဆိုရင် ၄ကြိမ်ရှိပါပြီ၊ တရားလိုမရောက်လို့ဘာမှမစစ်ဆေးရဘူးလို့ပြောပါတယ်၊ ဒီနေ့လည်း သူတို့ဖက်က တရားလိုမရောက်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့ကို ရုံးချိန်းထပ်ရွှေ့လိုက်ပါတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

လုထူဇော်ဝင်းအပါဝင် ဖမ်းဆီးခံခဲ့ရသူ ၅ ဦးတို့ကို ကျောက်တော်မြို့မရဲစခန်းတွင်ဆက်လက်ထိန်းသိမ်းထားပြီး လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ကျောက်ဖြူမြို့တွင်လည်း AA နှင့်ဆပ်စပ်ငည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုထားသည့် ရဲဝန်ထမ်း ၃ ဦးအမှုတွင်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလိုမရောက်လာ၍ အကြိမ်ကြိမ် ရုံးချိန်း ရွှေ့ဆိုင်း၍သာ အမှုကြန့်ကြာနေရသည်။

လူထုဇော်ဝင်းအပါအဝင် တရားစွဲခံရသူ ၅ ဦး အမှုကို  ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ