Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူထုဇော်ဝင်းအပါဝင် ဒေသခံ ၅ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလို ထပ်မံပျက်ကွက်

လူထုဇော်ဝင်းအပါဝင် ဒေသခံ ၅ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလို ထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က ) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) တို့ဖြင့် အသီးသီး တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ လူထုဇော်ဝင်းအပါဝင် ဒေသခံ ၅ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလိုထပ်မံပျက်ကွက်သောကြောင့် စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းတည့် ၁၀ နာရီ မိနစ် ၃၀အချိန်တွင် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၅ ဦးကို ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုထပ်မံပျက်ကွက်ခြင်းကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုနှင့်ပတ်သက်သည့် ဇနီးတစ်ဦးကပြောသည်။

“တရားလိုမရောက်တာ အကြိမ်ပေါင်းမနည်းတော့ဘူး၊ စောင့်နေရတာမောတယ်၊ သူတို့လုပ်ချင်သလိုလုပ်နေကြတော့တာ၊ ဘယ်လိုမှ မတတ်နိုင်တော့ဘူး၊ အခုလိုလုပ်နေလို့ သူတို့ဖက်ကဘာတွေရမှန်းမသိ၊ ကျွန်မကတော့ အတော်စိတ်ကုန်နေပြီ၊ ရုံးချိန်းရင်လည်းဘာမှ ထူးလာတာမရှိဘူး၊ ဒီတိုင်းဘဲဆက်သွားနေကြတော့မှာလား မသိတော့ဘူး” ဟု ပြောသည်။

တရားစွဲဆိုခံထားသူများမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း၊ စစ်တွေမြို့မှ ကိုဇော်မိုးထက်၊ ကျောက်တော်မြို့နယ် ‌ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စိုးသာ၊ မင်းပြားမြို့နယ်မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်တို့ဖြစ်ကြသည်။

ထို ၅ဦးသည် ရက္ခိုင့်တပ်‌တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်ကာလတွင် ဖမ်းဆီးခံလိုက်ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ