Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ ဦးကို လာမည့်ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု သိရ

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ ဦးကို လာမည့်ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု သိရ

ABN-ရှိုင်းမိုး

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ထို လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ဦးအမှုတွင် လိုပြသက်သေများကို စစ်ဆေးပြီးဖြစ်၍ လာမည် မတ်လ ၁၄ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးပြီးတာက ကြာပါပြီ၊ ဒါပေမယ့် အမိန့်မချ‌သေးဘဲဒီတိုင်း ရုံးထုတ်ပါတယ်၊ လာမယ့်ရုံးချိန်းမှာတော့ အပြီးသတ် လျှောက်လဲချက်ချမယ်လို့တော့ပြောပါတယ်၊ ပြီးတော့ နောက်တခေါက်ရုံးချိန်ကျတော့ အမိန့်ချမယ်လို့ပြောပါတယ်၊ ဒါပေမယ့် မသေချာသေးပါဘူး၊ လာမယ့်ရုံးထုတ်ကို စောင့်ကြည့်ရပါမယ်” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းတို့မှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း အသက် ၄၃ နှစ်၊ စစ်တွေမြို့မှ ကိုဇော်မိုးထက် အသက် ၂၈ နှစ်၊ ကျောက်တော်မြို့နယ် ‌ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင် အသက် ၅၁ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ