ABN-မေအိအိအောင်
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် မူဆလင်အမျိုးသားငယ် ၁ ဦး လည်လှီးသတ်ဖြတ်ခံရကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ် မာမွတ်ဆာတက် ဖြစ်ပြီး ရသေ့တောင်မြို့၊ ခုံတိုင်အုပ်စု ၊ အာကာတောင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
မာမွတ်ဆာတက် ကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီးတွင် လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မာမွတ်ဆာတက်မှာ ၎င်းနေထိုင်ရာ အာကာတောင်ကျေးရွာမှ ရခုန်တိုင်(ရခိုင်) ရွာသို့ ဈေးရောင်းရန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ထွက်သွားပြီး ယင်းနေ့ ညနေ ၃ နာရီတွင် သမီးလှရွာ အုန်းတောနှင့် လူသွားလမ်းကြားတွင်လည်ပင်းလှီးလှီးသတ်ဖြတ် ခံထားရသည်ကို တွေ့ရှိသည်ဟု သိရသည်။
သို့သော် အဆိုပါ မူဆလင် ကျောင်းသား မာမွတ်ဆာတက်အား မည်သူမည်ဝါ သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံရွာသားတစ်ဦးကပြောသည်။

