Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် သံယောဇဥ် အရက်ဆိုင်ပိုင်ရှင်အပါအဝင် လူ၂ဦးကို ရဲနှင့် ဌာနပေါင်းစုံက ဖမ်းဆီးပြီး ၎င်းတို့ပိုင်ဆိုင်သည့် အရက်ဆိုင်နှင့် နေအိမ်များကိုပါ ဖျက်ဆီး

ABN-ရာဟု

ဇူလိုင် ၃ ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့အတွင်းရှိ သံယောဇဥ် အရက်ဆ်ိုင် ပိုင်ရှင်အပါအဝင် လူ၂ ဦးကို ရဲအပါအဝင် ဌာနဆိုင်ရာများက ယနေ့ နံနက်၁၁ နာရီ ၃၀မိနစ်တွင် လာရောက်ဖမ်းဆီးကာ ၎င်းတို့ ပိုင်ဆိုင်သည့် အရက်ဆိုင်နှင့် နေအိမ်များကိုပါဖျက်ဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၂ဦးမှာ ရမ်းဗြဲမြို့ အမှတ်၃ ရပ်ကွက် ပုတင်စုမှ သံယောစဉ်အရက်ဆိုင်ပိုင်ရှင် ဦးအောင်လွှင် အသက် ၅၇ နှစ်နှင့် အမှတ်၃ အင်းတောင်ရပ်ကွက်မှ ဦးမောင်သန်းဌေး (ခ) မောင်ဘွား အသက် ၄၀နှစ် တို့ဖြစ်ကာ လက်ရှိ ရမ်းဗြဲမြို့မရဲစခန်းကို အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယနေ့ မနက်ပိုင်းက ရဲကားများရောက်လာပြီး အရက်ဆိုင်သွားလမ်းကိုပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ်များကိုပါ ဖျက်ဆီးနေသည်ကို တွေ့ခဲ့ရကြောင်း အမည်မဖော်လ်ိုသူမျက်မြင်သက်သေတစ်ဦးက ပြောဆိုသည်။

“မနက်က ရဲကားတွေလာပြီး အရက်ဆိုင်သွားလမ်းတွေကို ပိတ်လိုက်တာ၊ ပိုက်ရှင်ကိုဖမ်းပြီးတာနဲ့ အဲဆိုင်ကိုဖြိုကြတာာပဲ၊ ဘာအမှုလည်းတော့မသိဘူး၊ တခြားဌာနက လူတွေလည်းပါတယ် “ဟု အမည်မဖော်လိုသူ မျက်မြင် သက်သေတစ်ဦးက ABN သို့ပြောဆိုသည်။

ဦးမောင်သန်းဌေးကိုလည်း ၎င်းနေထိုင်ရာ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကာ နေအိမ်ကိုဖြိုဖျက်နေကြသည်ဟု သိရသည်။

“မနက် ရဲကားတွေလာပြီး သူ့အိမ်ကို ဝင်ဖမ်းတာ၊ ရဲတွေအများကြီးပဲ ၊နေအိမ်ကိုလည် ဖြိုဖျက်နေတာတွေ တွေ့ရတယ်၊ ဘာကြောင့်လဲတော့မသိပါဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ABN သို့ပြောသည်။

လက်ရှိတွင် ၎င်းတို့၂ ဦးကို ရမ်းဗြဲမြို့မ ရဲစခန်း တွင် ချုပ်နှောင်ထားသည်ဟု သိရသော်လည်း မည်သည့်အကြောင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရှိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ