Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် အင်အားသုံးပြီး နေအိမ်မှ ဖယ်ရှားခံခဲ့ရသူ ၂ ဦး အိမ်ရာဥပဒေပုဒ်မ ၉(၁)ဖြင့် အမှုဖွင့်ခံထားရ

ABN-ရာဟု

ဇူလ်ိုင် ၇ ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့တွင် ဆောက်လုပ်ရေးပိုင်မြေဟုဆိုကာ ဇူလိုင်လ ၃ရက်နေ့က ရဲအပါအဝင် ဌာနဆိုင်ရာ ၅ခုမှ လူအင်အား၁၀၀ခန့်ဖြင့် အင်အားသုံးကာ နေအိမ်နှင့်ဆိုင်ကို ဖြိုချဖျက်ဆီးခံရပြီး ဖမ်းဆီးခံရသူ ၂ဦးအား စစ်ကောင်စီက အိမ်ရာ ဥပစာ နှင်ထုတ်ခြင်းဥပဒေပုဒ်မ ၉(၁)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဖျက်ဆီးခံရသည့်နေအိမ်မှာ ရမ်းဗြဲမြို့ အမှတ်၃ ပုတင်စု စောမဲကျီလမ်းတွင်ရှိသည့် ဆိုင်နှင့် နေအိမ် ပူတွဲဖွင့်လှစ်ထားသည့် ဦးအောင်လွှင် နေအိမ်ဖြစ်ပြီး နေအိမ်လာရောက်ဖြိုချဖျက်ဆီးစဥ် ဖမ်းဆီးခံခြင်းဖြစ်ကာ ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ)မောင်ဘွား တို့ ၂ဦး ဖမ်းစီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့၂ ဦးကိုရမ်းဗြဲမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး အစိုးရလမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုပြုလုပ်ကာ အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်း ဥပဒေပုဒ်မ ၉(၁) ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင် တရားစွဲဆိုထားသည်ဟု ဦးအောင်လွှင် ဇနီးက ပြောဆိုသည်။

” သူတို့ကို ခုတရားစွဲထားတယ် လမ်းဦးစီးက၊ ပုဒ်မ ၉(၁) နဲ့ ၊ မတရားသိမ်းပိုက်ခံရတာ ခုတရားပါအစွဲခံထားရတယ်” ဟု ဦးအောင်လွှင်ဇနီးဖြစ်သူ ဒေါ်မထွေးက ABN သို့ပြောသည်။

၎င်းနေအိမ်မြေနေရာကို၂၀၁၅ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီးဌာနကပိုင်ဆိုင်သည် ဟု ဆိုကာ တရားစွဲဆိုခဲ့သော်လည်း စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာမပြနိုင်၍ တရားရုံးက အမှုကို ပယ်ချထားခဲ့သည်ဟု သိရသည်။

လက်ရှိ စွဲဆိုထားသည့် မြေယာ ဥပဒေပုဒ်မ ၉(၁) မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၅သိန်းအထိ သီးခြားချမှတ်န်ိုင်သလို နှစ်ခုလုံးကိုလည်း တပြိုင်တည်းချမှတ်နိုင်သည် ဟု သိရှိရသည်။

၎င်းတို့၂ဦးကို မိသားစုများနှင့်တွေ့ဆုံခွင့်​ပြုထားသော်လည်း ဦးအောင်လွှင်မှာ အစာအိမ်ရောဂါရှိသဖြင့် ဆေးဝါးကုသရန် မိသားစုဝင်များက တောင်းဆိုထားသော်လည်း ခွင့်မပြုသေးဟု သိရှိရသည်။

လက်ရှိတွင် မိသားစုဝင်များမှာ နေအိမ်မှ ဖယ်ပေးလိုက်ရပြီး လင်းယောင်္ကျားများပါ ဖမ်းဆီးခံလိုက်ရသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ