Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် ဓားခုတ်ခံရ၍ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးသေဆုံး

ABN-မေအိအိအောင်

ဇူလိုင် ၉ ရက်

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် အသက် ၄၀ ကျော်အမျိုးသားတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရပြီးသေဆုံးကြောင်းသိရသည်။

ဓားခုတ်ခံရပြီး သေဆုံးသွားသူ အမျိုးသားမှာ အသက် ၄၈ နှစ် ဦးမောင်တင်သိန်း ဖြစ်ပြီး ရမ်းဗြဲမြို့၊ အမှတ် ၅ ရပ်ကွက်၊ အုန်းတစ်ပင်စုတွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၈ ရက် ညနေ ၇ နာရီခန့်တွင် ရမ်းဗြဲမြို့မှ ကျောက်ချောင်းဖက်သို့ သွားသည့်လမ်း မကျည်းကုန်းတွင် အသတ်ခံရကြောင်း သေဆုံးသူအမျိုးသား၏ ညီဖြစ်သူ ဦးမောင်တင်သန်းက ABN သို့ပြောသည်။

“မနေ့က ညနေ ၆ နာရီ ၇ နာရီ ခန့်မှာ အသတ်ခံရတာပါ။ ရမ်းဗြဲမြို့ကနေ ကျောက်ချောင်းဖက်ကို တက်တဲ့လမ်းမှာပါ။ မကျည်းပင် နှစ်ပင်ရှိပါတယ်။ မကျည်းကုန်းလို့ခေါ်ပါတယ်။ အဲ့နေရာမှ အသတ်ခံရတာပါ ” ဟု သူကပြောသည်။

၎င်းမှာ ထိုနေရာတွင် ချိန်းစက်ဖြင့် သစ်လုပ်နေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဓာတ်ခုတ်ရပြီး သေဆုံးသွားသူနဲ့အတူ အလုပ်လုပ်နေသည့် တစ်ရပ်ကွက်တည်းနေသူ ဦးညီချေဆိုသူမှာ ယခုအချိန်ထိ နေအိမ်သို့မရောက်သေးကြောင်း သိရသည်။

တရားခံမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အသိရသေးဘဲ လက်ရှိ မှုခင်းအား သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးမောင်တင်သန်းက ပြောသည်။

ဓာတ်းခုတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားကို ယနေ့ ဇူလိုင်လ ၉ရက် နေ့လည် ၁ နာရီတွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရမ်းဗြဲတွင် ဓားခုတ်ခံရ၍ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ