Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အမျိုးသမီးများကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးအား စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ဖမ်းခေါ်သွား

ရခိုင်အမျိုးသမီးများကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးအား စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ဖမ်းခေါ်သွား

ABN-ရှိုင်းမိုး

သြဂုတ် ၁၅ရက်

စစ်တွေတွင် ယနေ့ နေလည်ပိုင်း ၁၂နာရီကျော်အချိန်ခန့်က အမျိုးသမီးများ ကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးအား စစ်တွေအမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးခေါ်ယူသွားကြောင်းသတင်းရရှိသည်။

စစ်တွေ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးအပါဝင် ရဲတပ်သား ၈ဦးသည် ဒေါ်ညိုအေးကို နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

အမှတ် (၁) ရဲစခန်းမှ စခန်းမှူးမှာ ယူနီဖောင်းဝတ်ပြီး တခြားတပ်သားများမှာ သာမန်အရပ်ဝတ်ဝတ်ထားကြောင်း မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဟုတ်ကဲ့ ကျွန်နော်လည်း သေသေချာချာမပြောနိုင်ပါဘူး၊ ခေါ်သွားတာတော့မြင်လိုက်ပါတယ်၊ ဘာကြောင့်လဲတော့မသိဘူး၊ စခန်းမှူးပါပါတယ်၊ တပ်သား ၇ဦးလား၊ ၈ဦးလား ကျနော်လည်းတိတိကျမသိပါဘူး၊ သူ့အိမ်ကိုလာပြီးဖမ်းခေါ်သွားတာပါ” ဟုဆိုသည်။

ဒေါ်ညိုအေးဖမ်းဆီးခံရခြင်းသည် စစ်တွေတွင် ၅၆နှစ်မြောက် သြဂုတ်လ ၁၃ရက်နေ့က ဆန်ပြဿနာနေ့ကို ပြုလုပ်ကျင်းပခဲ့ခြင်းနဲ့ဆက်စပ်မှုရှိသည်ဟု ထင်မြင်ယူဆကြောင်း သမီးဖြစ်သူကပြောသည်။

၅၆နှစ်မြောက် သြဂုတ် ၁၃ရက်နေ့ဖြစ်သော ဆန်ပြဿနာနေ့ကို စစ်တွေတွင် ကျောင်းသားသမဂ္ဂမှဦး​ဆောင်ပြီး ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများတွင် ဒေါ်ညိုအေးပုံများကို အသားပေး ဖော်ပြခဲ့သည်ဟု သမီးဖြစ်သူကဆက်ပြောသည်။

“ကျမထင်တာတော့ သြဂုတ် ၁၃နေ့နှင့်ပတ်သက်တယ်ထင်တယ်၊ ဒါပေမယ့် သြဂုတ် ၁၃နေ့ ကျောင်းသားသမဂ္ဂကဦးဆောင်ပြီးလုပ်တာ၊ ဒါကို သတင်းမီဒီယာတွေက ဒေါ်ညိုအေးကိုအသားပေးပြီး ပုံတင်တယ်၊ ဒါကြောင့်ထင်တယ်၊ ” ဟုသူမကဆိုသည်။

လက်ရှိတွင် ဒေါ်ညိုအေး၏ သမီးဖြစ်သူကို ရဲစခန်းမှခေါ်ထားသည်ဟု သိရသည်။

ဒေါ်ညိုအေးသည် သြဂုတ် ၁၃နေ့ကြောင့်သာ ဖမ်းဆီးခံရပါက မေးမြန်းပြီးရင် ပြန်လွှတ်မည်ဖြစ်ပြီး၊ ပြန်မလွှတ်ပါက သြဂုတ် ၁၃ ရဲ့နောက်ကွယ်ကအကြောင်းတခုခုရှိမည်ဟု သမီးဖြစ်သူက ဆက်ပြောသည်။

“အခုကျမကို ရဲစခန်းကခေါ်ထားပါတယ်၊ တကယ်လို့ ကျမအမေ သြဂုတ် ၁၃နေ့ကြောင့်သာ အဖမ်းခံရတယ်ဆိုရင် ဒီနေ့ ညနေဖက်လောက်ဆိုရင် ပြန်လွှတ်မယ်လို့ယုံကြည်တယ်၊ မဟုတ်ဆိုရင် သြဂုတ် ၁၃ရဲ့နောက်ကွယ်က အကြောင်းတခုခုရှိနိုင်တယ်” ဟုပြောသည်။

ဒေါ်ညိုအေးမှာ ရခိုင်အမျိုးသမီးများအရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားသူဖြစ်သည်။

၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့တွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အဖြစ်အပျက်များရှိခဲ့သည့်အတွက် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေဆန်ပြဿနာနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်။

ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နှင်းစဉ်က သေဆုံးသူ ၂၄ ဦးသာရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများတွင်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ