Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် မတရားဖမ်းဆီးခံထားရသည့် အရပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဦးခိုင်သုခပြော

ရခိုင်တွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် မတရားဖမ်းဆီးခံထားရသည့် အရပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဦးခိုင်သုခပြော

ABN – သူရမောင်

ရခိုင်တွင် စစ်ကောင်စီတပ်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် မတရားဖမ်းဆီးခံထားရသည့် အရပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့က ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခိုင်သုခက ပုဒ်မ ၁၇ (၁)ဆိုသည်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြစ်သည့်အတွက်ကြောင့် ဤပုဒ်မနှင့် တရားစွဲခံထားရသည့် အရပ်သားများမှာ ULA/AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို ဖမ်းဆီးထားရသူများမှာလည်း ၎င်းတိုနှင့် တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း၊ ထို့အတွက်ကြောင့် တာဝန်လည်းရှိကြော်င်း ပြောဆိုလိုက်သည်။

“ပုဒ်မ ၁၇(၁)ဆိုတာ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြစ်တဲ့အတွက်ကြောင့် ဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေဟာ ကျွန်တော်တို့ ULA/AAနဲ့ ပတ်သက်ဆက်နွယ်ကြောင်း စွပ်စွဲပြီးတော့ ဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို ULA/AAနှင့် တိုက်ရိုက်ပတ်သက်နေတဲ့အတွက်ကြောင့် တိုက်ရိုက်တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်” ဟု ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲထားချိန်တွင် ထိုဖမ်းဆီးခံထားရသည့် သူများမှာ ပြန်လည်လွတ်မြောက်သင့်ပြီမှာ ကြာနေပြီဖြစ်ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစလုပ်သည့် အချိန်ကတည်းက မတရားဖမ်းဆီးထားသည့် ရခိုင်ပြည်သူများကို ၂ လအတွင်း ပြန်လည်လွှတ်ပေးရမည်ဟု ကတိကဝတ်ရှိခဲ့ကြောင်း၊ သိုသော်လည်း မြန်မာစစ်တပ်က ယခုအချိန်ထိ ပြန်လည်လွှတ်ပေးရန် ပျက်ကွက်နေကြောင်းနှင့် ပုဒ်မ ၁၇(၁) ဖြင့်ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်လည်လွတ်မြောက်အောင် ညှိနှိင်းဆောင်ရွက်နေကြောင်းပြောသည်။

“အမှန်တော့ ဒီလူတွေဟာ ဒီလိုအပစ်အခတ်ရပ်ဆိုင်းထားတဲ့အချိန်မှာ လွတ်မြောက်သင့်နေတာကြာနေပါပြီ။ ကျွန်တော်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစလုပ်တဲ့အချိန်ကပင် မတရားဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်သူတွေကို ၂ လအတွင်းမှာ လွှတ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာစစ်တပ်က အခုအချိန်ထိ လွှတ်ပေးဖို့ နှောင့်နှေးပျက်ကွက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်း ဒီ ၁၇(၁)နှင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ၊ နောက်မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ULA/AAအနေနဲ့ ဆက်လက်ညှိနှိုင်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ရက္ခိုင့်တပ်တော်/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူ ရာချီရှိနေပြီး ၎င်းတို့၏ ရုံးချိန်းများကိုလည်း သက်ဆိုင်ရာ စစ်ကောင်စီတရားရုံးများတွင် ပုံမှန်ရုံးထုတ်နေလျက်ရှိပြီး တရားလိုစစ်ကောင်စီဖက်မှ ရုံးချိန်းချိန်တိုင်းနီးပါး ပျက်ကွက်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ