Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ဖေဖော်ဝါရီလ ၂ပတ်ကျော်အတွင်း ခိုဆိုးလုယက်မှု ဓားမြမှု လူသတ်မှု ၉ခုဖြစ်ပွားခဲ့

ABN-ရှိုင်းမိုး

ရခိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ လုယက်မှု၊ ခိုးမှု၊ ဓားမြမှုများအပါအဝင် မှုခင်း ၉ ခုထိ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

စစ်တွေတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် စစ်တွေမြို ပွိင့်ကမ်းခြေအနီး၌ အမှိုက်ကောက်နေသည့် အသက် ၁၁နှစ်အရွယ် မောင်အာကျယ်အာမာ့ကို အသက် ၃၀ကျော်အရွယ် လူ၃ဦးမှ ငွေတောင်းမရ၍ ရိုက်သတ်ကြပြီး ထွက်ပြေးသွားကြသည်။ ယခုအချိန်ထိ ထိုလူ ၃ဦးကို မည်သည့်အဖွဲ့စည်းကမှ အရေးယူ စုံစမ်း စစ်ဆေးခြင်း မရှိသေးသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညဥ့် ၂နာရီအချိန်တွင် တောင်ကုတ်မြို့နယ် နတ်မော်ရွာမှ ဦးမောင်နိုင်၏ နေအိမ်ကို အမည်မသိလူ ၁ဦး ဝင်ရောက်ပြီး အိမ်မှ ရွှေကျပ် ၁၀ကျော်နှင့် ငွေသား ၃၀ကျော်ကို ခိုးယူသွားပြီး သမီးဖြစ်သူ မနှင်းယုလှိုင် အသက် ၂၁နှစ်အရွယ်ကိုလည်း ဓားဖြင့်ထိုးခဲ့သောကြောင်း ဝမ်းဗိုက်တွင် ဒဏ်ရာရှိသွားကြောင်း သိရသည်။ ယနေ့အချိန်ထိ တရားခံကိုဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့က ပေါက်တောမြို့နယ် အင်္ဂါရားချိုင်ကျွန်း ကျောက်မောင်းရွာမှ တံငါသည် တစ်ဦးဖြစ်သည့် အသက် ၂၆နှစ်အရွယ် ကိုရွှေမောင်သန်းသည် ဖဒူကျွန်းနှင့် အင်္ဂါရားချိုင်ကျွန်းကြားတွင် ငါးဖမ်းပြီး လှေပေါ်တွင် အိပ်နေစဥ် အမည်မသိ လူ ၃ဦးမှ ဟွန်ဒါစက်ကို လုယူကာ ကိုရွှေမောင်သန်းကိုလည်း ရိုက်သတ်ခဲ့သောကြောင့် ဒဏ်ရာများဖြင့် လှေပေါ်တွင် ကျန်နေခဲ့ရကြောင်း သိရသည်။ ဤအမှုတွင်လည်း တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။

ဖေဖော်ဝါရီလ ၁၄ရက်နေ့ ည၆နာရီအချိန်က မင်းပြားမြို့နယ် ရန်တိုင်ရွာတွင် ဝိုင်းဖွဲ့အရက်သောက်ရာမှ ဓားထိုးမှုဖြစ်ပွားသောကြောင့် အသက် ၃၆နှစ်အရွယ် ဦးမောင်မောင်ညွန့်သေဆုံးသွားသည်။ လက်ရှိတွင် တရားခံကို ULA မှဖမ်းဆီးထားသည်။

ပေါက်တောမြို့နယ်ကျောက်ဆိပ်ရွာတွင် ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက် ၁၁နာရီ ၃၅ မိနစ်အချိန်က ဦးကျော်ဇော်လှ၏ သား မောင်ကျော်နိုင်လင်း အသက် ၅နှစ်သည် ရွာထဲလမ်းမထက် ကစားနေစဥ် သုံးဘီတိုက်မိ၍ နေရာ၌သေဆုံးသွားခဲ့သည်။ လက်ရှိတွင် တရားခံကို ULA မှဖမ်းဆီးထားကြောင်း သိရသည်။

မြေပုံမြိုနယ် မြေပုံမြစ်အတွင်းရှိ သံသမမီးပြကျောက်ဆောင်အနီးတွင် ဖေဖော်ဝါရီလ ၈ရက် နံနက် ၄နာရီ ၃၅မိနစ်အချိန်က ငါးရှာနေသည့် ရွာသား ၂ဦးကို ဗမာစကား‌ပြောသူ ၂ဦးမှ သေနတ်ဖြင့် ပစ်သတ်လိုက်သောကြောင့် ၁ဦးသေဆုံးပြီး၊ နောက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသောသူမှာ မြေပုံမြို့နယ် ထူးချေရွာမှ အသက် ၃၅နှစ်အရွယ် ကိုမောင်ညွန့်ဖြစ်ပြီး၊ ကိုဇော်မင်းသိန်း အသက် ၂၆အရွယ်မှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။ သေနတ် သမား ၂ ဦး စစ်ကောင်စီတပ်မှ တပ်ပြေးများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့ ည ၇နာရီကျော်အချိန်တွင် စစ်တွေလေယာဥ်ကွင်းဝင်ဝ လမ်းဆုံအနီး မိတ္တူဆိုင်ကို ကျောင်းသား၂ဦး မိတ္တူကူးရန်လာစဥ် စစ်ကောင်စီတပ်သား ၁ဦး ပစ်လိုက်သောကြောင့် ကျောင်းသား၂ဦးထဲက ၁ဦးဒဏ်ရာရရှိခဲ့သည်။ ထိုကျောင်းသား ၁ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့် စစ်ကောင်စီဖက်မှ စစ်သားကို အပြစ်ပေးခြင်းရှိ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၅ရက်နေ့ က တောင်ကုတ်မြို့နယ် မောင်းချောင်းတံတားအောက်တွင် လည်ပင်းကိုကြိုးဖြင့်ဆွဲကာ သတ်ဖြတ်ခံရသည့် လူသေအလောင်း ၁ လောင်ကိုတွေ့ရှိခဲ့သည်။ ထိုအလောင်းမှာ တောင်ကုတ်မြို့နယ် ချောင်းခေါင်းရပ်ကွက်မှ ဦးသောင်းမြင့် အသက် ၄၀နှစ်ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီအငှားလိုက်ရာတွင် လမ်းခုလတ်၌ အသတ်ခံလိုက်ရဖြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ရက်နေ့က ငါးရှာရန်ထွက်သွားခဲ့သည့် ဘူးသီးတောင်မြို့နယ် ဂန္ဓာရုံ ( ခမီ ) ရွာက အသက် ၄၀နှစ်အရွယ် ဦးစိန်ဖြူကို ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လည်တွင် ရွာအနီး တောစပ်အနီး၌ ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေခဲ့သည်။ ယနေ့အချိန်ထိ ကျူးလွန်သူ တရားခံအား ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

တောင်ကုတ်မြိုနယ် တန်းလွဲရွာမတိုက်နယ် ကျွန်းတောတောင်ချေအနီး ချောင်းကမ်းစပ်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၇နာရီကျော်ခန့်အချိန်က လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ပြီး ထိုထိုအလောင်းမှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှ ဆိုင်ကယ် ကယ်ရီသသမားတစ်ဦးဖြစ်ပြီး၊ ထိုသူ့ကို သတ်သွားခဲ့သည့် တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။

ထို့အပြင် မြန်မာစစ်တပ်က အာဏာသိမ်းပြီး ကတည်းကပင် စစ်ကောင်စီတပ် စခန်းများနှင့် ရုံးစိုက်ရာ မြို့ ဖြစ်သည့် စစ်တွေမြို့တွင် မော်တော်ဆိုင်ကယ် ခိုယူခံရမှုများ နေ့စဥ် နီးပါး ဖြစ်လျက်ရှိနေသည်။

ရခိုင်တွင် ဖေဖော်ဝါရီလ ၂ပတ်ကျော်အတွင်း ခိုဆိုးလုယက်မှု ဓားမြမှု လူသတ်မှု ၉ခုဖြစ်ပွားခဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ