Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့်ဆပ်စပ်၍ တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ရက္ခိုင့်တပ်တော်နှင့်ဆပ်စပ်၍ တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ABN-ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုမှာ ၉လအထိကြာမြင့်လာသော်လည်းအမှုမှာ မပြီးပြတ်နိုင်ဘဲ ယမန်နေ့မတ်လ၂၈ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလို မရောက်ရှိသဖြင့် စစ်ဆေးခြင်းမပြုလုပ်ရဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကာ အမှုမှာ ၉လအထိကြာမြင့်လာသော်လည်း အပြီးသတ်နိုင်ခြင်းမရှိ ဘဲဖြစ်နေသည်။ စစ်ကောင်စီတပ်က မတရားစွပ်စွဲထားသလို ၎င်းတို့သားက AAကိုထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း နှင့် ၎င်းတိုမိသားစုများမှာ နေ့စား လက်လုပ်လက်စားအလုပ်သမားများသာဖြစ်ပြီး အမှုကို အမြန်ပြီးပြတ်စေလိုကြောင်း ကိုကိုညွန့် ဖခင်ဖြစ်သူက ပြောသည်။

“သူတို့က မတရားဖမ်းဆီးပြီး ၅၀၅ (က) နဲ့ပထမတရားစွဲတယ်၊ နောက်တခါ ၁၇(၁)နဲ့ထပ်စွဲပြန်တယ် ၊အမှုက ၉ လအထိရှိလာပြီ၊ မပြီးနိုင်သေးဘူး၊ အမြန်ပြီးစေချင်တယ်၊ သူတို့ပြောသလို AAကိုထောက်ပံ့နိုင်ဖို ဘာမှမရှိပါဘူး ကျနော်တို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ နေ့စားအလုပ်သမားတွေပါ” ဟု ကိုကိုညွန့်ဖခင်က ABNကိုပြောဆိုသည်။

ရက္ခိုင့်တပ်တော် AAက မြောက်ဦးမြိုမှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၃ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ်ပုဒ်မ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ရုံးထုတ်တွင် စကစဖက်က တရားလိုပြ သက်သေများမရောက်လာသဖြင့် အမှု ကို ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက် သည်ဟု ကိုပြည်စုံ၀င်းဇနီးဖြစ်သူက ပြောသည်။

“ရုံးထုတ်တာ သူတို့ဖက်က တရားလိုပြ သက်သေတွေ မရောက်လို့တဲ့၊ အမှုကိုရုံးထပ်ချိန်းလိုက်တယ်“ ဟု ကိုပြည့်စုံဝင်း ဇနီး မလှဘုကABN ကိုပြောဆိုသည်။

အမှုမှာ ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ကပင် မြောက်ဦးမြို့နယ် တရားရုံးက စတင်စစ်ဆေးခဲ့တာဖြစ်ပြီး ၉လကျော်ကြာမြင့်လာသော်လည်း အမှုကိုဖြေရှင်း ပြီးမြောက်ခြင်းမရှိဘဲ အမှုကိုအကြိမ်ပေါင်းများစွာလာရောက်နေရသည့်အတွက် ငွေကုန်ကျမှုများ ဖြစ်နေကြောင်းမိသားစုဝင်များက ထပ်မံပြောဆိုသည်။

မိသားစုများမှာ နေ့စား အလုပ်သမားများ ဖြစ်သည့်အတွက် ၎င်းတို့အမှုအတွက် ရှေ့နေငှားရန် ငွေကြေး မရှိသည့်အပြင် အမှုမှာ ၉လအထိကြာမြင့်လာသလို အိမ်ရှင်ယောက်ျားများ အဖမ်းခံထားရသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ