Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရခိုင်မှ တစ်ဦး တစ်ယောက်မျှ မပါဝင်

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရခိုင်မှ တစ်ဦး တစ်ယောက်မျှ မပါဝင်

ABN-မေ ၃ ရက်

ယနေ့ ကဆုန်လပြည့်နေ့တွင် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၀၅ (က) ဖြင့် ထောင်ချခံထားရသူ ၂၁၅၃ ဦးကို လွှတ်ပေးခဲ့သော်လည်း ထိုအထဲတွင် ရခိုင်မှ တစ်ဦး တစ်ယောက်မျှ လွတ်လာသည်ကိုမတွေ့ရကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဌ ဦးမြတ်ထွန်းက ABN သို့ပြောသည်။

ထို့အပြင် ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်၍ ဖမ်းဆီးထားသူများကို အပစ်အခတ်ရပ်စဲပြီး ၂ လအတွင်း ပြန်လည်လွှတ်ပေးရမည်ဟု ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား သဘောတူညီမှု ရှိခဲ့သော်လည်း စစ်ကောင်စီက တစ်ဦး တစ်ယောက်မျှ လွှတ်ပေးခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရားလိုလုပ်ကာ ၁၇ (၁)၊ ၅၀၅ (က) (ခ) တို့အပြင် စစ်ပုန်ကန်မှု ၁၃၁ ဥပဒေတို့ဖြင့်ပါ တရားစွဲဆိုထားသောအမှုအချို့မှာလည်း စစ်ဆေးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်မချဘဲ မတရား ချုပ်နှောင်ထားမှုများရှိနေသည်။

ထိုသို့ လုပ်ဆောင်မှုများမှာ ရန်လိုသည့် အပြုအမူ ဖြစ်သည့်အပြင် ဥပဒေရေးအရ တည်ဆဲဥပဒေကို ချိုးဖောက်ရာ ရောက်သကဲ့သို့ လူ့အခွင့်ကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်း အမည်မဖော်လိုသည့် ရှေ့နေ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ