Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် အမျိုးသမီးအလောင်းတစ်လောင်း သောင်တင် တွေ့ရှိ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကံသာ၊ ခေါင်းဖြူအရှေ့ဘက်မြစ်ကမ်းတွင် သောင်တင်နေသည့် အမျိုးတစ်မီးတစ်ဦး၏ အလောင်းတစ်လောင်းအား ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီအချိန်တွင် တွေ့ရှိခဲ့သည်။

သေဆုံးသူအမျိုးသမီးမှာ မင်းပြားမြို့နယ် ဂျမ်းမကမ်းထောင့် (ချင်း) ရွာမှ အဖ ဦးရွှေလှအောင်၊ အမိ ဒေါ် ဦးမြစိန်တို့၏ သမီး ဒေါ် မရွှေတင် ၃၂ နှစ်ခန့်ဖြစ်ကြောင်း သိရသည်။

ဒေါ်မရွှေတင်မှာ စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သူက စိတ်ရောဂါ ခံစားနေရတဲ့သူပါ၊ သူက များသောအားဖြင့် ဟိုဟိုဒီဒီ လျှောက်သွားတတ်ပါတယ်၊ အဲလိုသွားနေလို့ ပျောက်ဆုံးသွားတာပါ၊ အိမ်မှာ ပြဿနာတွေရှိလို့ ပျောက်သွားတာမဟုတ်ပါဘူး၊ ဒီနေ့မှ အသိတစ်ယောက် ဖုန်းဆက်လာတယ်၊ သူ့အလောင်းကို မြစ်ကမ်းနာမှာ တွေ့တယ်လို့ပြောပါတယ် ဟု ထိုရွာသားက ABN ကိုပြောသည်။

ဒေါ်မတင်ရွှေမှာ ၂ ရက်ကျော်ကြာ ပျောက်ဆုံးနေခဲ့ပြီး ယနေ့ နေ့လည်၂ နာရီခန့်အချိန်မှ မြစ်ကမ်းနားဘေးတွင် သေဆုံးလျက် ရှိနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

၎င်းအား ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲတွင် သင်္ဂြုဟ်လိုက်ကြောင်းသိရသသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ပင် မောင်တောမြို့နယ် ရွှေတောင်ရွာမှ ဝါးခုတ်ရန်သွားသည့် ဦးသိန်းထွန်း နှင့် ဦးလှကျော်ထွန်းတို့မှာ ရွာမှ ၄ နာရီခရီးခန့်သွားရသည့် နေရာသို့ ဝါးခုတ်သွားစဉ် အသတ်ခံခဲ့ရသည်။

မြေပုံမြို့နယ်တွင် အမျိုးသမီးအလောင်းတစ်လောင်း သောင်တင် တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ