Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရသည့်အမှု သက်ဆိုင်ရာ တရားရုံးကို စုံစမ်းမည်ဟု AA ပြောခွင့်ရဆို

ABN – သူရမောင်

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်ရွာမှ အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ရသည့် အမျိုးသမီး၏အမှုအား ယခုထိတိုင် တရားခံမပေါ်သေးသဖြင့် သက်ဆိုင်ရာတရားရုံးကို မေးမြန်းစုံစမ်း သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်သည့် ၇ ကြိမ်မြောက် ULA/AAသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင်က မိတ်ဆွေတစ်ဦး၏ သမက်တက်ပွဲ (မင်္ဂလာဆောင်ပွဲ) မှ ပြန်လာစဉ် င/ပသုန်ရွာအပြင်ဘက်တွင် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရသည့် ဒေါ်မမြင့်ချေ၏ အမှုအား ၎င်းအနေဖြင့် မသိရှိရသေးကြောင်း၊ သက်ဆိုင်ရာ တရားရေးဌာနကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အခုပြောသွားတဲ့ အမှုအခင်းကိစ္စနှင့် ပတ်သက်ပြီး‌တော့ ကျွန်တော့ဆီကိုတော့ တစုံတရာ အချက်အလက်တွေ ရောက်လာတာ မရှိသေးပါဘူး။ သို့သော်လည်းပဲ သက်ဆိုင်ရာ တရားရေးဌာနကို ကျွန်တော်တို့မေးပြီးရင် ပြန်လည်ဖြေကြားပေးပါမယ်” ဟု ပြောခဲ့သည်။

လက်ရှိတွင် ဒေါ်မမြင့်ချေ၏ အမှုတွင် သံသယ တရားခံ ၃ ဦးဖြစ်သည့် င/ပသုန်ရွာမှ မောင်မြင့်စိုး ၃၆နှစ်၊ ပုတုတ်ချေ ၃၆နှစ်နှင့် အောင်ဝင်းချေ ၃၆ နှစ်တို့ကို ULAတရားရုံးက ဖမ်းဆီးစစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

မြေပုံမြို့နယ်တွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရသည့်အမှု သက်ဆိုင်ရာ တရားရုံးကို စုံစမ်းမည်ဟု AA ပြောခွင့်ရဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ