Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြိုနယ်မှ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးအမှု တရားခံမပေါ်သေး

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က မြေပုံမြိုနယ် င/ပသုန်ရွာမှ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ဒေါ်မမြင့်ချေ အသက် (၅၀) ၏ အမှု ၁ လကြာသည့်တိုင် တရားခံမပေါ်သေးဘဲ သံသယရှိသူများအား ခေါ်ယူစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခွဲကျော်ခန့်တွင် င/ပသုန် ပိုက်ဆိပ် ( တံငါရွာ) မှ မိတ်ဆွေတစ်ဦး၏ မင်္ဂလာဆောင်ပွဲမှ ပြန်လာချိန် လမ်းခုလတ်၌ အဓမ္မပြုကျင့် အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်ကြောင်း ရွာသားများ ပြောချက်အရသိရသည်။

ထိုမှုခင်းကိုစစ်ဆေးနေသည်မှာ ရက္ခိုင့်ပြည်သူအာဏာပိုင်အဖွဲ့အပြင် စစ်ကောင်စီဖက်မှလည်း စစ်ဆေးနေကြောင်းသိရသည်။

ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ၂ ကြိမ်စစ်ဆေးခဲ့ပြီး ပထမ ၁ ကြိမ်တွင် မှုခင်းဖြစ်ပြီး နောက်တစ်နေ့တွင် သံသယရှိသူ တရားခံ ၄ ဦးအား ခေါ်ယူစစ်ဆေးခဲ့ပြီး ဒုတိယ အကြိမ်တွင် ဒီဇင်ဘာ ၈ ရက်နေ့ အခင်းဖြစ်သည့်နေ့က မင်္ဂလာပွဲသို့ လာရောက်ခဲ့ကြသူများဖြစ်သည့် လူ ၂၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

“ပထမ အကြိမ်ကတော့ သံသယ တရားခံ ၄ ဦးကိုခေါ်ပြီးစစ်ဆေးပါတယ်၊ ဒုတိယအကြိမ်မှာတော့ အခင်းဖြစ်တဲ့နေ့က အဲဒီမင်္ဂလာပွဲကိုတတ်ရောက်လာခဲ့ကြတဲ့ လူ ၂၀ ကျော် ကိုခေါ်စစ်ဆေးပါတယ်၊ ဒါပေမယ့် ဘာထူးခြားမှုမှမရှိပါဘူးဟု င/ပသုန်ရွာမှ ကျေးရွာဥက္ကဌကပြောသည်။

ထိုအမှုကို စစ်ကောင်စီဖက်မှလည်း ဖုန်းဖြင့် ခေါ်ဆိုကာ ၁ ကြိမ်စစ်ဆေးခဲ့ကြောင်း ကျေးရွာ ဥက္ကဌက ပြောသည်။

“သူတို့က (စစ်ကောင်စီရဲ) ရွာကိုလာပြီးစစ်ဆေးတာတော့ မဟုတ်ပါဘူး၊ ဖုန်းနဲ့ ခေါ်ပြီးစစ်ဆေးတာပါ” ဟုပြောသည်။

မိသားစုအနေဖြင့် အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်စေချင်ကြောင်းနှင့် တာဝန်ရှိသူများအားလည်း အမြန်ဆုံး တရားခံအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးကြစေလိုကြောင်း ပြောဆိုသည်။

မြေပုံမြိုနယ်မှ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးအမှု တရားခံမပေါ်သေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ