Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်တွင် မေဃသစ္စာဖုန်းဆိုင်ပိုင်ရှင် ဦးစည်သူကို စစ်ကောင်စီက ၅၀၅ ( က )ဖြင့်အမှုဖွင့်

မာန်အောင်တွင် မေဃသစ္စာဖုန်းဆိုင်ပိုင်ရှင် ဦးစည်သူကို စစ်ကောင်စီက ၅၀၅ ( က )ဖြင့်အမှုဖွင့်

AB News – ဟိန်းထွန်း

စက်တင်ဘာ ၂ဝ ရက်

ရခိုင်ပြည်၊ မာန်အောင်မြို့ရှိ မေဃသစ္စာဖုန်းဆိုင်ပိုင်တစ်ဦးဖြစ်သည့် ဦးစည်သူကို စစ်ကောင်စီက ၅၀၅ ( က )ဖြင့် ယနေ့တွင်အမှုဖွင့်လိုက်ကြောင်း သိရသည်။

၎င်းသည် စစ်ကောင်စီ၏လုပ်ရပ်များကို လူမှုကွန်ရက် စာမျက်နှာတွင်အနည်းငယ် ဆန့်ကျင်ရေးသားခြင်း ၊ ယခင်က NLD ထောက်ခံသူတစ်ဦးဖြစ်သည့်အတွက် ယခုလို ဖမ်းဆီးလိုက်ခြင်းဖြစ်နိုင် ကြောင်း မြင်မိသည်ဟု ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“စစ်ကောင်စီနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ စာတိုလေးတွေ လူမှုကွန်ယက်ပေါ်မှာတင်ပါတယ်၊ ယခင်က NLD ကိုထောက်ခံခဲ့တဲ့သူတစ်ယောက်လို့ပြောလို့ရတာပေါ့၊ ပါတီဝင်ခဲ့လား မဝင်ခဲ့ဘူးလားဆိုတာကိုတော့အတိအကျတော့မသိဘူး၊ ဒီနေ့မှာပဲ ၅၀၅ ( က )နဲ့အမှုဖွင့်လိုက်တယ်” ဟု ပြောသည်။

စစ်တင်ဘာလ ၁၈ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုစည်သူအောင်၏နေအိမ်သို့သွားရောက်ပြီး ဖမ်ဆီးသွားခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ထားကိုးကွယ်ထားသည့် နေပြည်တော်ရှိ မာရဝိဇယဘုရားအကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွင် Post တင်ခြင်း၊ စာတိုများဆန့်ကျင်ရေးသားခြင်းကြောင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိအချိန်တွင် ၎င်းကို မာန်အောင် ရဲစခန်းတွင်ထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မာန်အောင်မြို့တွင် စွပ်စွဲခံရသူများ၊ တပ်ပြေးသူများကိုလိုက်ရှာမှုများ ၊PDF နှင့်ဆက်စပ်ပြီးး ဝရမ်းထုတ်စာများရှိနေသည့်အပြင် ရခိုင်ရှိအခြားမြို့နယ်များနှင့်နှိုင်းယှဥ်လျှင် မာန်အောင်မြို့နယ်တွင် PDF နှင့်ဆက်စပ်သူများ၊ NUG နှင့်ဆက်စပ်နေသူများကို ဖမ်းဆီးရန်ကြိုးစားနေကြောင်း သိရသည်။

ဗဟုသုတမကြွယ်ဝသည့် တစ်ချို့သက်ကြီးအရွယ်များသည် ဖုန်းတောင်ကိုင်ဖို့မတတ်ဘဲ စွပ်စွဲခံရမှု များကို ရဲများက လာရောက်စစ်ဆးမှုများပြုလုပ်နေကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“ဘာမှနားမလည်တဲ့သက်ကြီးရွယ်အိုတွေရှိတယ်၊ ဖုန်းတောင်ကိုင်ဖို့မတတ်ဘူး၊ သူတို့တွေကို ရဲတွေကလာပြီးစွပ်စွဲတာတွေ၊ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ် “ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်များကလည်း စစ်ကောင်စီက ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်လုပ်ဆောင်နေသည့်သူများကို ဖမ်းဆီးမှုပြုလုပ်ခဲ့မှုကြောင့်

လူ ၇ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ