Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည် တောင်ကုတ်မြို့ နယ် မအီမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြွယ်ကို ယမန်နေ့ ညနေက စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည်ဟု သိရသည်။

ဦးထွန်းကြွယ် အသက် ၅၆ နှစ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က တောင်ကုတ်မြို့မှ မအီမြို့သို့ ကိုယ်ပိုင်ကားဖြင့် ပြန်လာစဥ် ကင်းတောင်တိုက်နယ်၊ မီးကျောင်းထိုးရွာအနီး ရန်မျိုးလမ်းခွဲတွင် အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးက အိမ်စီးကားအဖြူ တစ်စီး ဖြင့်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဦးထွန်းကြွယ်ကို မီးကျောင်းထိုးရွာအနားက ရန်မျိုးလမ်းခွဲမှာ အိမ်စီးကားအဖြူ တစ်စီးနှင့် လူ ၄ ယောက် လာပြီးတော့ စိစစ်စရာရှိတယ်ဆိုပြီး ဖမ်းသွားတာကို တွေ့လိုက်တယ်” ဖမ်းသွားသည်ကို အနီးကပ်မြင်လိုက်ရသည့် ဒေသခံတစ်ဦးက ABN ကို ပြောသည်။

လက်ရှိအချိန်တွင် ဦးထွန်းကြွယ်ကို တောင်ကုတ်မြို့ စကခ ၅ တွင် ထိန်းသိမ်းထားကြောင်း ခိုင်မာသည့် ဒေသရင်းမြစ်များပြောကြားချက်အရ သိရသည်။

ဦးထွန်းကြွယ်မှာ ရွှေဇီးဇံကုမ္ပဏီလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ပြီး၊ ဆီဆိုင်၊ ဘက်ဟိုး၊ မအီ-တောင်ကုတ် လိုင်းဆွဲခြင်း လုပ်ငန်းများနှင့် ကုန်စုံဆိုင်များလည်း ပိုင်ဆိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် ၅ ရက်နေ့များက ကျောက်တော်မြို့နယ်မှ လူမှုရေး တက်ကြွလှုပ်ရှားသူ သွားဆရာဝန် ဦးဇေယျကျော်နှင့် ၎င်း၏ ညီ ဦးမိုက်ကယ်တို့အား စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ