Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဓာတ်ပုံဆရာဦးစောမိုးကျော်အပါဝင် အရပ်သား ၇ဦးအား ရုံးထုတ်၊ တရားလိုပျက်ကွက်

ABN-ထက်မြတ်ခင်

ရခိုင်ပြည် စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် အလွတ်တမ်း ဓာတ်ပုံဆရာဦးစောမိုးကျော် အပါအဝင် အရပ်သား၇ ဦးအား ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ ၁၀နာရီခွဲက ကျောက်တော်မြို့နယ် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ တရားလို မရောက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံဆရာဦးစောမိုးကျော်အပါအဝင် အရပ်သား ၇ဦးတို့အား မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုထားသည့် စစ်ကောင်စီဘက်မှ တရားလိုများမှာ စစ်ကောင်စီတပ်မ ၅၃၉ မှ ဗိုလ်ကြီးကျော်စောဦးနှင့် တစ်ပွင့်ရဗိုလ်တစ်ဦးတို့ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦး၏ အတည်​ပြု ပြောပြချက်အရသိရသည်။

“စစ်ကောင်စီဖက်က ဗိုလ်ကြီးကျော်စောဦးနှင့် နောက်တစ်ယောက်ကိုတော့ နာမည်အတိကျမသိရပါဘူး၊ ဒါပေမဲ့ တစ်ပွင့်ဗိုလ်ဆိုတာတော့သိရပါတယ်၊ သူတို့နှစ်ယောက်က ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရောက်ခဲ့ပါတယ်၊ အခုတတိယအကြိမ်မှာတော့ မရောက်ကြပါဘူး”ဟုပြောသည်။

တရားစွဲခံထားရသူများမှာ မင်းပြားမြို့မှ ဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ကျေးရွာမှ အဖဦးစောဦး၏သား မောင်သန်းဌေး၊အဖဦးကျော်ဝင်း၏ သား မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ကျေးရွာမှ အဖဦးမောင်တိန်ချေ၏သား ဦးသန်းစိုးနှင့်၊ ရွှေနတ်ပြင်ကျေးရွာမှ အဖဦးစံလှထွန်း၏သား ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ အဖဦးမောင်ထွီးယောင်၏သား မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ အဖဦးးစံမောင်၏သား ကျော်မောင်လင်းတို့ဖြစ်ကြသည်။

မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဓာတ်ပုံဆရာဦးစောမိုးကျော်အပါဝင် အရပ်သား ၇ဦးအား ရုံးထုတ်၊ တရားလိုပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ