Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် သံဃာတော်တစ်ပါးနှင့် လူနှစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီ

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညည့် ၁၁ နာရီတွင် သံဃာတော်တစ်ပါးနှင့် လူနှစ်ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဦးဝရမဉ္ဇူ သက်တော် ၅၀ အောင်မြေကုန်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နေ ဦး င/မဲသန်၏ သား ဦးကျော်နုမောင် ၄၉ နှစ် (ဝင်တိုး ရွှေဆိုင်ပိုင်ရှင်) နှင့် အလယ်ပိုင်းရပ်ကွက်နေ ဦးဦးထွန်း၏သား ဦးမောင်ထွန်းသိန်း ၅၃ နှစ်တို့ကို ၎င်းးတို့၏ နေအိမ်၊ကျောင်း အသီးသီးက ခမရ (၃၇၉)တပ်ရင်းမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို ၃ ဦးအား ULA/ AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့နဲ့ နီးစပ်သူတစ်ဉီးထံမှ သိရသည်။

“ကျွန်မတို့က အိပ်ရာဝင်တော့မယ် လုပ်နေတာ၊ ဘေးနားက ဆူညံသံတွေကြားတော့ ထွက်ကြည့်တုန်း သူတို့ကို ဖမ်းသွားတာတွေ့တယ်၊ မေးကြည့်လိုက်တော့ ULA/ AAနှင့် ဆက်စပ်တယ်ဆိုပြီး သံသယရှိလို့ ဖမ်းတာလို့ပြောတယ်” ဟု နီးစပ်သူက ဆိုသည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်မှ ကိုကျော်ဆန်းနှင့် ဦးသိန်းမောင်တို့၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေ မှုများရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ