Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီ၏ လက်ကျန် ဗုံးအား တူဖြင့် ထုမိရာမှ ပေါက်ကွဲပြီး အမျိုးသား ၁ဦးပွဲချင်းပြီး သေဆုံး၊ သမီးဖြစ်သူ ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီအဖွဲ့၏ စစ်ကြွင်းစစ်ကျန် ဗုံးအား တူဖြင့် ထုမိရာ ပေါက်ကွဲပြီး ထုသည့်အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ပြီး အနီးရှိ သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဧပြီလ ၆ ရက်နေ့၊ နေ့လယ် ၂နာရီ ၂၆ မိနစ်အချိန်တွင် မင်းပြားမြို့နယ် င/တန်ပျင်းရွာမှ အမျိုးသား ၁ဦးသည် ကောက်ရလာသည့် စစ်ကျန်ဗုံးသီးအား သံတူဖြင့် ထုကြည့်မိရာ ပေါက်ကွဲပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့သူမှာ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာမှ  ဦးလှကျော်ခိုင် အသက် ၆၀ နှစ် ဖြစ်ပြီး သမီးဖြစ်သူ မဖြူမချေ ၂၈နှစ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ရွာအတွင်းမှာက မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်လက်နက်တွေ ရှိပါသေးတယ်။ သံပိုက်လို အရာတစ်ခုကို ဦးလှကျော်ခိုင်က ကောက်ယူပြီး တူနဲ့ ထုခဲ့တာကြောင့် ခုလို ဖြစ်ခဲ့ရတာပါ” ရွာသားတစ်ဦးက ပြောဆိုသည်။

ဦးလှကျော်ခိုင်မှာ ဗုံးပေါက်ကွဲသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ သမီးဖြစ်သူ၏ နောက်ကျောတွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

သမီးဖြစ်သူ မဖြူမချေမှာ နောက်ကျောတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၍  အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ်အတွင်း စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် င/တန်ပျင်းရွာတွင် တပ်စွဲစခန်းချခဲ့ပြီး ကျေးရွာအတွင်း စစ်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကို မြေမြှုပ်ချန်ထားခဲ့ကြောင်း သိရှိရသည်။

​ပြီးခဲ့သည့် ဂျန်နဝါရီလ ၁၆ ရက်နေ့တွင် ထိုမင်းပြားမြို့နယ် င/တန်ပျင်းကျေးရွာတွင် သမီးဖြစ်သူကို စစ်သား ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သားအမိနှစ်ဦးစလုံးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ