Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖမ်းဆီးထောင်ချ ခံထားရသည့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး၏ရုံး ဖောက်ထွင်းခံလိုက်ရ၊ ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးပါသွား

ဖမ်းဆီးထောင်ချ ခံထားရသည့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး၏ရုံး ဖောက်ထွင်းခံလိုက်ရ၊ ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးပါသွား

AB News – မတ်လ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေတွင် စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထောင်ချခံထားရသည့် ရက္ခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ၏ရုံး ဖောက်ထွင်းခံရပြီး တန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်ဖိုး ပါသွားကြောင်း သိရသည်။

ယမန်နေ့မတ်လ ၂၅ ရက် နေ့လည် ၂ နာရီကျော်တွင် စစ်တွေမြို့ မင်းဂံ အကွက် ၄ နောက်ဖက်တွင်ရှိသော ရက္ခိုင်အမျိုးသမီးများကွန်ရက်ရုံး ဖောက်ထွင်းခံရပြီး ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း အတွင်းရေးမှူးဖြစ်သူ မစောမြသန္တာက AB News သို့ပြောသည်။

“ကျမတို့ရုံးကိုသော့ပိတ်ထားတာပါ။ သူခိုးတွေက နေ့လည်ဖက်လာခိုးသွားပါတယ်။ သိန်း ၁၀၀ ကျော်ဖိုးလောက်ပါသွားတယ်” ဟု ဆိုသည်။

ပါသွားသည့် ပစ္စည်းအမျိုးအစားမှာ ရုံးသုံး Projector ၂ လုံး၊ ကွန်ပျူတာ အကောင်း ၄ လုံး၊ စက်အနည်းငယ်ချို့ယွင်းနေသည့် ကွန်ပျူတာ ၁၀ လုံး၊ ရေမော်တာ ၁ လုံးနှင့် အဝတ်အထည်များဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်တွေမြို့သည် စစ်ကောင်စီ၏ အုပ်စိုးမှု အောက်တွင်ရှိနေသည့်အတွက် ဤအမှုအား စစ်ကောင်စီက အရေးယူဆောင်ရွက်ပေးစေလိုကြောင်း မစောမြသန္တာက ဆက်ပြောသည်။

“စစ်တွေမြို့ဟာ စစ်အစိုးရအာဏာတည်​နေသိတဲ့မြို့ဖြစ်တဲ့အတွက် ​ဒီစစ်အစိုးရမှာတာဝန်အပြည့်အဝရှိပါတယ်။ အခုလိုသူခိုးတွေသောင်းကျန်း​နေတာကိုသက်ဆိုင်ရာအစိုးရတွေက တာဝန်ယူပြီး အရေးယူဆောင်ရွက်ပေးစေချင်ပါတယ်” ဟုဆိုသည်။

အဆိုပါ ဖောက်ထွင်းခြင်းခံရမှုနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်သွားမည်ဟု ၎င်းကဆက်ပြောသည်။

ဒေါ်ညိုအေးမှာ ရက္ခိုင်အမျိုးသမီးများ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးများအတွက် ဦးဆောင် ဦးရွက် ရှေးတန်းမှ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

သူမကို မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီကျော် အချိန်တွင် ပုဒ်မ ၅၀၅ ( ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ