Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် သမီးယောက္ဖချင်း ခိုက်ရန်ဖြစ်ပြီး ပုလင်းကွဲဖြင့် ထိုးမှုဖြစ်ပွား

AB News – နိုင်ဝင်ဘာ ၄ ရက်

ရခိုင်ပြည် ပေါက်တောမြို့နယ် မင်းဘာရွာတွင် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့မနက်ပိုင်က သမီးယောက္ဖ ၂ ဦးခိုက်ရန် ဖြစ်ပွားရာမှ မျက်နှာကို ပုလင်းပွဲဖြင့် ထိုးမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူ ဆေးရုံးတင်ထားရကြောင်းသိရသည်။

အထိုးခံရသူမှာ ပေါက်တောမြို့နယ် တောင်ညိုရွာမှ အဖဦးဟိန်းထွန်း၏သား အသက် ၅၁ နှစ်အရွယ် ဦးစောလှမောင်ဖြစ်ပြီး ပုလင်းကွဲဖြင့်ထိုးသူမှာ မင်းဘာရွာမှ ယောက္ဖတော်စပ်သူ အသက် ၅၃ နှစ်အရွယ် ဦးအေးမောင်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ မနက်ပိုင်း ၁၀ နာရီကျော်က တောင်ညိုရွာတွင်အရက်သောက်ကြပြီး ဦးစောလှမောင်သည် မယားကိုသွားခေါ်ရန် ရွာထဲသို့ဝင်ကာ သူ့မိန်းမ၏အစ်မတော်စပ်သူ ဒေါ်မကျော့ကြည် နေအိမ်သို့သွားပြီး ရွှေထည်ပစ္စည်းများကိုတောင်းရာ ယောက်ဖတော်စပ်သူ ဦးအေးမောင်ကဟန့်တားရာ၌ မရသဖြင့် ပုလင်းကွဲဖြင့် ထိုးခဲ့ကြောင်း မင်းဘာ ခေါင်းဆောင်တစ်ဦးက AB News သို့ပြောသည်။

“သူတို့က သမီးယောက်ဖတော်စပ်သူ ၂ ယောက်ပါ၊ ဦးစောလှမောင်က မယားကိုသွားခေါ်ဖို့ ရွာထဲကိုဝင်သွားတယ်၊ ဦးအေးမောင်လည်းနောက်ကလိုက်ပါသွားတယ်၊ မယားကရန်ကုန်သွားတယ်၊ သူကမယားရဲ့အစ်မအိမ်ကိုသွားပြီး ရွှေငွေတွေတောင်းတယ်၊ ယောက်ဖတော်စပ်သူက မတောင်းနဲ့လို့ဝင်ပြီးတားတယ်၊ တားမရလို့ဆိုပြီး ဦးစောလှမောင်မျက်နှာကို ပုလင်းကွဲနဲ့ထိုးလိုက်ပါတယ်” ဟု ဆိုသည်။

အထိုးခံရသူသည် ဒဏ်ရာရရှိပြီး မွန်းလွဲ ၁၁ နာရီကျော်တွင် မင်းဘာရွာမှ တောင်ညိုသို့ လမ်းလျှောက်ပြန်လာချိန် တောင်ညိုဘုရားအထက်တွင် လဲကျနေသည်ကိုတွေ့သောကြောင့် ပေါက်တောဆေးရုံသို့ ပို့လိုက်ကြောင်း ၎င်းမှဆက်ပြောသည်။

ပေါက်တောမြို့နယ်တွင် သမီးယောက္ဖချင်း ခိုက်ရန်ဖြစ်ပြီး ပုလင်းကွဲဖြင့် ထိုးမှုဖြစ်ပွား

“သူက မင်းဘာကနေပြီး ရွာကိုပြန်လာတယ်၊ တောင်ညိုဘုရားနားမှာ ဒဏ်ရာတွေနဲ့လဲနေတာကိုတွေ့တယ်၊ ပေါက်တောဆေးရုံကို ပို့လိုက်တယ်” ဟု ဆိုသည်။

ပုလင်းကွဲဖြင့်ထိုးသွင်းဒဏ်ရာများမှာ ပါး၊ နားထင်နှင့် နားရွက်နားတို့တွင် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူအား ပေါက်တောမြို့နယ်ရှိ သက်ဆိုရာ AA ရဲစခန်းမှဖမ်းဆီးထားသည်ဟု ဒေသခံများကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ