Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်ပြန်လွတ်

ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်ပြန်လွတ်

ABN-မေ ၂၄

ကယ်ဆယ်ရေး ပေးရန် သွားသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် ယနေ့ မနက်က ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူများထံမှ သိရသည်။

ဦးဝေဟင်အောင်မှာ၎င်းနှင့်အတူပါသည့် ဗမာပြည်မှ ၂ ဦးနှင့်အတူ ယနေ့မနက် ၁၀ နာရီကျော်ခန့်က လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ဦးဝေဟင်အောင်၏ သမီးနှင့် သူ၏ တပည့်ဖြစ်သူကို ယနေ့ မနက် ၇နာရီကျော်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြောသည်။

ဦးဝေဟင်အောင်နှင့်အဖွဲ့ကို ယမန်နေ့ ညနေ ၃ နာရီခန့်က စစ်တွေမြို့နယ် အမြင့်ကျွန်းဘုန်းတော်ကြီးကျော်အနီးတွင် ကျောက်တန်း စကစ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ