Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် မူဆလင်များအား AA အလိုမရှိကြောင်း စစ်ကောင်စီက ငွေပေး ဆန္ဒပြခိုင်း

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် မူဆလင်များအား AA အလိုမရှိကြောင်း စစ်ကောင်စီက တစ်ဦးလျှင် ၅ သိန်းကျပ်စီပေးပြီး ဆန္ဒပြရန် ခိုင်းစေကြောင်း သိရသည်။

Muslim
မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်တွင် မူဆလင်များ ဆန္ဒပြနေသည်ကို တွေ့ရစဥ်

ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက် ၈ နာရီကျော်တွင် မူဆလင် ၁၀ဝဝ ခန့် ဆိုင်းဘုတ်များကို ကိုင်ပြီး မီးစက်ကြီးခွဆုံအနီးတွင် AA အလိုမရှိဟု  ဆန္ဒပြနေကြပြီး စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၈နာရီလောက်ကစပြီး ဆန္ဒပြတယ်။ မူဆလင် ၁ ထောင်လောက်ရှိပါတယ်။ စစ်ကောင်စီတပ်သားတွေက မင်းဂံကားဂိတ်ကနေပြီး မီးစက်ကြီးခွဆုံထိ လုံခြုံရေးယူထားပါတယ်။ AA အလိုမရှိ အော်သံတော့ကြားရတယ်။ ဓာတ်ပုံရိုက်ခွင့်လည်းမရှိဘူး” ဟု ဆိုသည်။

ဆန္ဒပြရာတွင် စစ်ကောင်စီက ကားဂိတ်လမ်းဆုံနှင့် မင်းဂံရွာဦးလမ်းဆုံတို့ကို ပိတ်ထားပြီး မူဆလင်များအား လုံခြုံရေးယူထားပေးသည်ဟု သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် မူဆလင် ၁ ဦးလျှင် ၅ သိန်းကျပ်စီ စစ်ကောင်စီက ပေးပြီး ဆန္ဒပြဖို့ မလိုက်မနေရ လိုက်ခိုင်းခြင်းဖြစ်ကြောင်း စစ်တွေမြို့ထဲမှာ မူဆလင် ၁ ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက စစ်တွေမှာရှိတဲ့မူဆလင်တွေကို အဓမ္မခေါ်ပြီး ဆန္ဒပြခိုင်းတာပါ။ ဆန္ဒပြရာမှာ ပါတဲ့သူတွေကို တစ်ယောက် ၅ သိန်းစီပေးပါတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့တွင်လည်း စစ်ကောင်စီ၏ စီစဥ်မှုဖြင့် AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် မူဆလင်များ မတ်လနှင့် ဧပြီလများတွင် ၃ ကြိမ်တိုင် လမ်းထွက် ခဲ့ကြသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မူဆလင် ၂၀ ကျော်သည် AA အလိုမရှိဟု ဆိုင်းဘုတ်များကိုင်ကာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဆန္ဒပြခဲ့သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ