Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အား ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ABN-မေအိအိအောင်

စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခံထားရသော ရခိုင်ပြည် ကျောက်တော်နယ်မှ ဆန်စက်ပိုင်ရှင်၏ ရုံးချိန်းကို တရားလိုမရောက်သဖြင့် ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ရကြောင်း ဇနီးဖြစ်သူ ပြောကြားချက်အရသိရသည်။

ကျောက်တော်မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းအမှုကို စစ်ဆေးရန် ပြီးခဲ့သည့် ဖေဖော်၀ါရီ ၁ ရက်နေ့က ရုံးချိန်းတွင် တရားလိုဘက်မှ ထပ်၍ မရောက်လာခဲ့သဖြင့် စစ်ဆေးမှုမပြုလုပ်နိုင်ခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ABN ကိုပြောသည်။

“ဖေဖော်၀ါရီ ၁ ရက်နေ့က ရုံးထုတ်ပါတယ်။ ရုံးထုတ်ချိန်ကိုသွားစောင့်ပါတယ်။ ဒါပေမဲ့ တရားလိုဘက်က ထပ်ပြီးတော့ မရောက်လာခဲ့ပါဘူး ။ ဒါကြောင့်စစ်ဆေးမှုတွေလည်း မပြုလုပ်ခဲ့ရပါဘူး” ဟု သူကပြောသသည်။

ယင်းအပြင် ကိုလှမောင်သန်းမှာ ယခင်ကတည်းက ကျန်းမာ‌ရေးမကောင်းသည့်အတွက် ဆေးခန်းပြ၍ရလျှင် ဆေးခန်းပြပေးချင်ကြောင်း ဇနီးသည်က ပြောသည်။

ဆန်စက်ပိုင်ရှင်အား ပုဒ်မ ၂ ခုဖြင့် ၇ ကြိမ်မြောက်ဖြစ်သော်လည်း တရားလိုဘက်က တစ်ကြိမ်မျှရောက်မလာခဲ့ကြောင်းသိရသည်။

ကျောက်တော် ကာဒီ(သဇင်) ရွာမှ ဆန်စက်ပိုင်ရှင် ကိုလှမောင်သန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းက ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက တရားစွဲဆိုပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် ထပ်တိုးတရားစွဲဆိုခြင်းခံခဲ့ရသည်။

စစ်ကောင်စီက ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အား ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ