Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငပလီလေဆိပ်အား အင်တာနယ်ရှင်နယ် လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်ဟု မင်းအောင်လှိုင်ပြောခဲ့

ABN – သူရမောင်

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီလေဆိပ်ကို အင်တာနယ်ရှင်နယ်လေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်မည်ဟု ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်ရှင်များနဲ့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က ငပလီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် နစက အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မြှင့်တင်လိုက်ခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုလာမည်ဖြစ်ကြောင်း ထိုတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များမှ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံးမှာ ကိုဗစ်ကာကွယ်ဆေးများ စနစ်တကျထိုးနှံထားရန်လိုအပ်ကာ ခရီးသွားလုပ်ငန်းများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများ အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် သူဌေးရေအားလျှပ်စစ်စီမံကိန်းအား ယခင်ကတည်းကပင် အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့၍ ယခုအခါတွင် ပိုမိုတိကျစွာ အကောင်အထည်ဖော်နိုင်ရန် နစက အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က စကစ ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဇနီးတို့ ရခိုင်ပြည်၊ သံတွဲမြို့သို့‌လာရောက်ခဲ့စဉ်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ