Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငပလီမြိုတွင် အိမ်ရှင်ဖြစ်သူနှင့် ဇနီးကို ဓားဖြင့် ထိုးဖြင့်ထိုးကာ ရွှေ ၉ကျပ်သားနှင့် ငွေကျပ်သိန်း၄၀ခန့်အား ဓားပြတိုက်မှုဖြစ်

ငပလီမြိုတွင် အိမ်ရှင်ဖြစ်သူနှင့် ဇနီးကို ဓားဖြင့် ထိုးဖြင့်ထိုးကာ ရွှေ ၉ကျပ်သားနှင့် ငွေကျပ်သိန်း၄၀ခန့်အား ဓားပြတိုက်မှုဖြစ်

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ သံတွဲမြိုနယ်၊ ငပလီမြိုတွင် အိမ်ရှင်ဖြစ်သူနှင့် ဇနီးကို ဓားဖြင့် ထိုးပြီး ရွှေ ၉ကျပ်သားနှင့် ငွေကျပ်သိန်း၄၀ခန့်အား ဓားပြတိုက်ယူသွား ကြောင်း AB News မှ စုံစမ်းသိရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ရက်နေ့တွင် ငပလီမြို၊ ဂျိတ္တောရပ်ကွက်မှ ဦးထွန်းထွန်း၏ နေအိမ်မှ ရွှေ ၉ကျပ်သားနှင့် ငွေကျပ်သိန်း၄၀ခန့်အား ဓားပြတိုက်ခံခဲ့ရသည်ဟု မြိုခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်၊ ည ၈နာရီကျော် အချိန်မှာ ဦးမောင်မောင်ချေ အပါအဝင် ၇ဦးတိုဟာ ဦးထွန်းထွန်းရဲ့ နေအိမ် တခါးကို ဆွဲဖွင့်ကာ အိမ်ရှင်ဖြစ်သူ  ဦးထွန်းထွန်းနှင့် ဒေါ်သီတာဦးတိုကို ဓားဖြင့် ထိုးနက်ပြီး ရွှေ ၉ကျပ်သားနှင့် ငွေကျပ်သိန်း၄၀ခန့်ကို ဓားပြတိုက်ယူသွားပါတယ်” ဟု ဆိုသည်။

ဓားပြတိုက်ခံရစဥ် ဓားထိုးခံရသူ ဦးထွန်းထွန်းနှင့် ဒေါ်သီတာဦးတိုသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် သံတွဲမြိုမ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ဓားပြတိုက်ရာတွင် ဦးဆောင်သူ ဦးမောင်မောင်ချေသည် ဇန်နဝါရီလ ၄ရက်နေ့က သံတွဲအကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

ဦးမောင်မောင်ချေ အပါအဝင် ၄ဦးကို စစ်ကောင်စီအဖွဲ သံတွဲမြိုမရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန် ၃ဦးမှာ လွတ်မြောက်နေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ