Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ဂစ္ဆပနဒီတံတားအောက်တွင် ဒဏ်ရာများဖြင့် အမည်မသိ လူသေအမျိုးသားအလောင်းတွေ့ရှိ

ABN-ရှိုင်းမိုး

ဇူလိုင် ၂၇ရက်

ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားအောက်တွင် ယနေ့ ညနေ ၆နာရီကျော်လောက်က အမည်မသိသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိသည်ဟုသိရသည်။

ထိုအလောင်းကို တံတားအောက်ကမ်းစပ်နားတွင်တွေ့ရှိပြီး အလောင်း၏မျက်နှာတွင် ဒဏ်ရာများပါရှိသည်ဟုသိရသည်။

ထိုအလောင်းမှာ အသက် ၃၀ ကျော်အရွယ်ရှိသည်ဟုခန့်မှန်းရသည်။

လက်ရှိတွင် ထိုအလောင်းကို စကစ ရဲသားများမှယူသွားသည်ဟု ကျောက်တော်မြို့ ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ ၆နာရီကျော်လောက်က ကမ်းစပ်မှာတွေ့တာပါ၊ မျက်နှာမှာ ဒဏ်ရာတွေပါတယ်၊ တခြားနေရာတွေမှာပါမပါကိုတော့သေချာမတွေ့လိုက်ရပါဘူး၊ သူ့ကို ရဲကယူသွားပါတယ်” ဟုပြောသည်။

ဇူလိုင်လ ၁၁ရက်နေ့ကလည်း စစ်တွေမြို့ ဘောလုံးကွင်ရပ်ကွက်တွင် ရေထဲ၌ အမည်မသိ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ကျောက်တော် ဂစ္ဆပနဒီတံတားအောက်တွင် ဒဏ်ရာများဖြင့် အမည်မသိ လူသေအမျိုးသားအလောင်းတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ