Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ၃ ဦးအား အပြီးသတ်အမိန့်ချမည့်ရုံးချိန်း ၃ကြိမ်မြောက် ထပ်မံရွေ့ဆိုင်းခံရ

ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ၃ ဦးအား အပြီးသတ်အမိန့်ချမည့်ရုံးချိန်း ၃ကြိမ်မြောက် ထပ်မံရွေ့ဆိုင်းခံရ

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်ချမည်ဟု ပြောထားသော်လည်း အမိန့်မချသေးဘဲ ၃ကြိမ်မြောက်ရုံးချိန်းထပ်မံရွှေ့ဆိုင်းနေသည်ဟုသိရသည်။

ထို ၃ဦးကို ဧပြီလ ၅ ရက်၊ နေ့လည် ၂ နာရီခွဲခန့်က ကျောက်တော်မြို့နယ် တရားရုံးတွင် အပြီးသတ်အမိန့်ချရန် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးက အမိန့်မချမှတ်ဘဲ လာမည့် ဧပြီ ၁၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“တရားသူကြီးပြောတာက၊ သူတို့ကိုအပြစ်ချမလား၊ လွှတ်ပေးမလားဆိုတာကို အထက်ကအမိန့်မရောက်သေးဘူး၊ ဒါကြောင့်ရုံးချိန်းရွှေ့ဆိုင်းနေရတာ ” ဟုပြောသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦးမှာ ကျောက်တော်မြို့ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင် တို့ဖြစ်ကြသည်။

ထို ၃ဦးကို တရားစွဲဆိုထားသော တရားလိုများမှာ ဗိုလ်ကြီး ကိုကိုအောင်၊ ဗိုလ်ကြီး မောင်မောင်နိုင်နှင့် ဗိုလ်ကြီး ဝေယံဦးတို့ဖြစ်ကြသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုအထဲမှ ၃၉၁ပြန်လွှတ်ပေးခဲ့ပြီး ၂၀၃ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ