Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ကို စစ်ကောင်စီအဖွဲ့ လေကြောင်းမှ ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်၊ မြို့ခံ ၁ဦး သေဆုံး၊ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

AB News – ဧပြီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီအဖွဲ့က ယနေ့ နေ့လယ် ၂နာရီ ၄၅ မိနစ်အချိန်တွင် Jet Fighter ဖြင့် ပေါင် ၂၀၀ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မြို့ခံ ၁ဦး သေဆုံးပြီး ၅ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက အတည်ပြု ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောက်တော်မြို့မှ ၁၆နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ကာ အမျိုးသမီးငယ် ၁ဦးအပါအဝင် ၅ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရသည်။

ယနေ့ ဧပြီလ ၄ရက်၊ နေ့လယ် ၂နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့က ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပိုက်သည်ရပ်ကွက်မှ မြို့ခံ ၁ဦးက AB News သို့ ပြောသည်။

“ကျောက်တောမြို့ထဲကို ဗုံး ၄လုံး ကြဲချပစ်ခတ်ခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိတယ်။ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးတွေ ရှိပါတယ်။ အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ရတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ ကြဲချတိုက်ခိုက်ခဲ့သည့် ဗုံး ၁လုံးမှာ ကျောက်တော်မြို့ အဝင်လမ်း ကားဂိတ်တွင် ကျရောက်ပေါက်ကွဲကာ မြို့ခံ ၁ဦး သေဆုံးခဲ့ပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ကျောက်တော်မြို့ရှိ မဟာကံကြီးသျှင်ဘုရားကြီးအနီးတွင် စစ်ကောင်စီအဖွဲ့က ကြဲချပစ်ခတ်ခဲ့သည့် ဗုံး ၁လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း သိရှိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများမှာ အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

အကြမ်းစစ်ကောင်စီအဖွဲ့က ယနေ့ နေလယ်အချိန်တွင် ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့ခံများမှာ စစ်ကောင်စီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများအား AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း အရပ်သား‌သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း ၆၄၇ဦး၊ မတရားဖမ်းဆီးခံရသူ ၄၇၁ ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃၅၈၂၀၀ အထိ တိုးလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယနေ့ ဧပြီလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ