Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကယ်ဆယ်ရေးပေးရန်သွားသည့် ပရဟိတသမား ဝေဟင်အောင်နှင့်အဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရန်သွားသည့် ပရဟိတသမား ဝေဟင်အောင်နှင့်အဖွဲ့အား စစ်တွေမြို့နယ် အမြင့်ကျွန်းဘုန်းတော်ကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။

၎င်းတို့အဖွဲ့ကို ယနေ့ နေ့လည် ၃ နာရီခန့်က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးစဥ် ဦးဝေဟင်အောင်၊ ၎င်း၏သမီးနှင့် နောက်ထပ် ၃ ယောက်လည်း ပါကြောင်း ခိုင်လုံသည့်သတင်းအရင်းအမြစ်က ပြောသည်။

“ဝေဟင်အောင်နှင့် သူ့သမီးလည်းပါတယ်လို့သိရပါတယ်။ ကျောက်တန်းစစ်ဆေးရေးဂိတ်က တစ်ပွင့်အဆင့်ရှိ စစ်သားက နောက်က ကားနဲ့လိုက်လာပြီးတော့ အမြင့်ကျွန်းဘုန်းကြီးကျောင်းအနီးမှာ ဖမ်းသွားတာပါ”

ပရဟိတသမား ဝေဟင်အောင်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ကူညီကယ်ဆယ်ရေးပေးရန် သွားစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ဦးဝေဟင်အောင်နှင့်အဖွဲ့သည် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့်ညမိုခါ မုန်တိုင်းကြောင့် ဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးများ လုပ်နေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ