
AB News -မတ် ၁၂ ၊ ၂၀၂၅
ICC ဖမ်းဝရမ်းဖြင့် ဖမ်ဆီးခံရထားသည့် ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးအား နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးICCသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိများက ပြောကြားသည်။
သမ္မဟောင်း ဒူတာတေးသည် ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ဟောင်ကောင်မှ ပြန်ရောက်ရှိပြီးနောက် ဖိလစ်ပိုင် မနီလာ လေဆိပ်တွင် ICC၏ အမိန့်ဖြင့် ရဲတပ်ဖွဲ့များက ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
သမ္မဟောာင်း ဒူတာတေးအား သမ္မတတာဝန် ထမ်းဆောင်ချိန်က မူးယစ်ဆေးဝါး သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ICCမှ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတအဖြစ် ၂၀၁၆မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်း သမ္မတ တာဝန်ထမ်းဆောင်ချိန်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းများကို အကောင်ထည် ဖော်ဆောင်ခဲ့ပြီး ထိုစီမံကိန်းများတွင် ရဲတပ်ဖွဲ့များက ဆင်ခြင်မဲ့ သတ်ဖြတ်မှုများကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၃ သောင်းကျော် သေဆုံးခဲ့ရသည်ဟု လူ့အခွင့်ရေးအဖွဲ့များက ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် ဆင်းရဲသားမြို့နေလူငယ်များ ပါဝင်ပြီး ၎င်းတို့ထဲတွင် မူယစ်းဆေးဝါး ကုန်သွယ်ရေးနှင့် မသက်ဆိုင်သူများ ဖြစ်ကြောင့် တက်ကြွလှုပ်ရှားသူများ ကပြောကြသည်။
သမ္မဟောင်း ဒူတာတေးသည် ICC မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းများ နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် ဖိလစ်ပိုင်နိုင်ငံအား ICCမှ နှုတ်ထွက်ခဲ့သည်။
ဒူတာတေး၏ ရှေ့နေဖြစ်သူ ဆာဗေဒိုပါနဲလိုမူက ဖိလစ်နိုင်ငံသည် ICCအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားချိန် ယခုကဲ့သို့ ဖမ်းဆီးမှုသည် တရားမဝင်ဖြစ်ကြောင်း ပြောကြားထားသည်။