Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Half Moon Bay လယ်ယာမြေ သတ်ဖြတ်မှုတွင် သံသယရှိသူ လူသတ်မှု ၇ ခုနှင့် ရင်ဆိုင်နေရ

ABN-ရှိုင်းမိုး

ကယ်လီဖိုးနီးယားမြောက်ပိုင်း မှိုစိုက်ခင်းနှစ်ခုတွင် လူ ၇ ဦး ‌ဆက်တိုက်သတ်ဖြတ်ခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ လယ်သမားတစ်ဦးအား လူသတ်မှု ၇ မှုနှင့် လူသတ်မှု ကျူးလွန်ရန်ကြိုးပမ်းမှု ၁ မှုတို့ဖြင့် ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့သည်။

အသက် ၆၆ နှစ်ဖြစ်သူ Chumil Zhao ကို ဗုဒ္ဓဟူးနေ့က ပထမ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကို ရုံးချိန်ထပ်ရွှေ့လိုက်ကြောင်း San Mateo ကောင်တီခရိုင်ရှေ့နေ Steve Wagstaff ကပြောကြားခဲ့သည်။ Chumil Zhao၏ ရှေ့နေ ၂ ဦးမှာလည်း ဖုန်းဆက်သွယ်မှုများနှင့် အီးမဲလ်များကို ချက်ချင်းတုန့်ပြန်မှု မရှိခဲ့ပေ။

တရားရုံးပြင်ပမှ ပြောရေးဆိုခွင့်ရှိသည့် Wagstaffe Zhaoက သူ၏ လက်ရှိလုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများကို သတ်ဖြတ်ရခြင်း၏ အကြောင်းရင်း အသေးစိတ်အချက်လက်များကို ပြောဆိုရန် ငြင်းဆိုခဲ့ပြီး တရားမျှတစွာ တရားစီရင်မှုအတွက် အသေးစိတ်အချက်လက်များကို လူအများရှေ့တွင် မထားလိုကြောင်း ပြောကြားခဲ့သည်။ ရဲအရာရှိများက ထိုအမှုသည် လုပ်ငန်းခွင်အကြမ်းဖက်မှုဖြစ်သည်ဟု ဆိုခဲ့ကြသည်။

ထိုအမှုမှာ ကယ်လီဖိုးနီးယားတွင် ၈ ရက်အတွင်း တတိယမြောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး San Mateo County သမိုင်းတွင် အကြီးမားဆုံးလူသတ်မှုဖြစ်ကြောင်း Wagstaff က ပြောကြားခဲ့သည်။ လော့စ်အိန်ဂျလိစ်ဒေသတွင် စနေနေ့က တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း လူ ၁၁ ဦး အသတ်ခံခဲ့ရပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း အာဏာပိုင်များက Zhaoသည် သူ့အလုပ်လုပ်နေသည့် Half Moon Bayမှ မှိုစိုက်ခင်း တစ်ခင်းသို့ ဝင်ရောက်ခဲ့ပြီး လူ ၄ ဦးကို ပစ်သတ်ခဲ့ကြောင်း ၅ ယောက်မြောက်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်း ယုံကြည်ကြသည်။ ထို့နောက် မှိုစိုက်ခင်းအနီးရှိ သူယခင်က အလုပ်လုပ်ခဲ့သည့် နောက်ထပ်မှိုစိုက်ခင်းသို့ သွားရောက်ခဲ့ကာ နောက်ထပ် လူ ၃ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ပြောရေးဆိုခွင့်ရှိသူ Eamonn Allenက ပြောသည်။

Erlin Ortiz နှင့် သူမ၏ညီမ Miriam Ortizတို့မှာ လူ ၄ ဦးအသတ်ခံခဲ့ရကာ Zhaoအားတရားစွဲဆိုထားသည့် ထိုလယ်ကွင်းတွင် မှိုထုတ်ပိုးနေခဲ့ကြသည်။

သူတို့နှင့် ပေ ၄၀ (၁၂ မီတာ)အကွာတွင်ရှိသည့် Zhaoမှာ သူ့ကျောပိုးအိတ်ထဲမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ တရုတ်လယ်သမားတစ်ဦးအား မန်ဒရင်းဘာသာစကားဖြင့် အော်ဟစ်ပြောဆိုပြီး သေနတ်ဖြင့် ပစ်ခဲ့သည်ကို အလုပ်အပြီးကားပေါ်တွင်ထိုင်နေချိန်တွင် မြင်ခဲ့ရကြောင်း သူတို့ညီအစ်မ ၂ ဦးက the Bay Area News Groupကို ပြောခဲ့သည်။

ထို့နောက် Zhaoက ဒုတိယအလုပ်သမားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ထွက်ပြေးရန်ကြိုးစားသည့် ပထမအလုပ်သမားကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း Erlin Ortiz ကပြောကြားခဲ့သည်။

“သူဒေါသထွက်နေတာက အရမ်းကိုကြောက်ဖို့ကောင်းပါတယ်” ဟု Zhaoကပြောသည်။

ကားဘီးနောက်တွင်ရှိနေခဲ့သည့် Miriam Ortiz၏ ခင်ပွန်းမှာ တုန်လှုပ်ချောက်ချားစွာဖြင့် ကားစက်နှိုးကာ ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။ Zhaoက သူတို့ကို လှည့်ကြည့်လိုက်ပြီးနောက် သူနှင့် ညီအစ်မနှစ်ယောက်တို့ရှိနေသည့် လယ်ကွင်းထဲမှ တဲတစ်လုံးကို ဦးတည်သွားခဲ့ကြောင်း၊ သူ့အမှုအရာကလည်း ပြောင်းသွားခဲ့ကြောင်း ညီအစ်မနှစ်ယောက်ကပြောခဲ့သည်။

“သူပြုံးပြီးတော့ ရယ်နေပါတယ်၊ တွန်းလှည်းပေါ်ကို တက်သွားတာကို ကျွန်မတို့ကြည့်နေတော့ ဖြစ်ခဲ့တာတွေကို ပျက်ရယ်ပြုတဲ့အမှုအရာနှင့် ကျွန်မတို့ဘက်ကို လှည့်ကြည့်ခဲ့ပါတယ်” ဟု Erlin Ortiz ပြောသည်။

သူနှင့် သူ့ဇနီးအတွက် မြေကွက်ငယ်တစ်ခုတွင် ကြက်သွန်စိုက်ထားသည့် Zhaoက ယခင်က သူတို့ကို ရင်းရင်းနှီးနှီးဆက်ဆံခဲ့သော်လည်း ယခုအခါတွင် မတူကြောင်း Erlin Ortizက ပြောသည်။

Zhao ကို စွဲဆိုထားသည့် စွဲချက်များတွင် သေဒဏ် (သို့မဟုတ်) လွတ်ငြိမ်းချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွမ်းထိ ချမှတ်နိုင်သည့် နောက်ထပ်စွပ်စွဲချက်များလည်းပါဝင်သည်။ အဆိုပါစွပ်စွဲချက်များထဲတွင် Zhaoက သေနတ်ကိုအသုံးပြုကာ ဒဏ်ရာကြီးကြီးမားမားရရှိစေသည်သာမက လူအများအပြားသေဆုံးစေသည့် အမှုတို့လည်း ပါဝင်နေသည်။

သေဆုံးသူ ၆ ဦးမှာ ဆန်ဖရန်စစ္စကိုမှ Zhishen Liu အသက် ၇၃ နှစ်၊ ကယ်လီဖိုးနီးယား Moss Beachမှ Marciano Martinez Jimenez ၅၀နှစ်၊ ဆန်ဖရန်စစ္စကိုမြို့မှ Aixiang Zhang၊ ၇၄ နှစ်၊ Half Moon Bay မှ Qizhong Cheng ၆၆ နှစ်၊ Half Moon Bay မှ Jingzhi Lu ၊ နှင့် Yetao Bing (၄၃ နှစ်) တို့ဖြစ်ပြီး နေရပ်ဇာတိအား အတိအကျမသိရပေ။ စွဲချက်တင်ထားသည့် အထောက်အထားများအရ Jose Romero Perzမှာ အသတ်ခံခဲ့ရသူ နောက်တစ်ဦးအဖြစ်လည်းကောင်း ပစ်သတ်ခံရမှုတွင် အသက်ရှင်ခဲ့သည့် Pedro Romero Perezအား ၈ယောက်မြောက် အသတ်ခံခဲ့ရသူအဖြစ်လည်းကောင်း သိရှိရသည်။

“အသတ်ခံခဲ့ရတဲ့လူတွေထဲက အချို့ဟာ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်၊ အချို့ကိုတော့ နောက်ဆက်တွဲအသတ်ခံခဲ့ရတဲ့ ဒေသခံတွေဖြစ်ပါတယ်” ဟု Wagstaffeက ပြောသည်။

Servando Martinez Jimenezက ပစ်သတ်မှုတွင် အသတ်ခံခဲ့ရသည့် သူ့အစ်ကို Marciano Martinez Jimenezမှာ ဒလီဗာရီပို့သူတစ်ဦးဖြစ်သည့်အပြင် ယာခင်းထဲက မန်နေဂျာတစ်ဦးလည်း ဖြစ်ပြီး Zhaoနှင့် သာမက အခြားအလုပ်သမားများနှင့်လည်း ပြဿနာဖြစ်ဖူးခြင်း မရှိကြောင်း ပြောသည်။

“သူကလူကောင်းတစ်ယောက်ပါ၊ လူတိုင်းနဲ့လည်း ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေရှိပါတယ်၊ ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ်ဖူးပါဘူး၊ ဒါတွေ ဘာ့ကြောင့်ဖြစ်သွားခဲ့လည်းဆိုတာကိုလည်း ကျွန်တော်နားမလည်ပါဘူး” ဟု Martinez Jimenez က စပိန်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

Marciano Martinez Jimenez သည် မက္ကဆီကိုပြည်နယ် Oaxaca ကို ရောက်ရှိလာပြီးနောက် အမေရိကန်တွင် ၂၈ နှစ် နေထိုင်ခဲ့သည်။ Servando Martinez Jimenez က သူ့အစ်ကို၏ ရုပ်အလောင်းကို နေရပ်ပြန်ပို့ဖို့ မက္ကဆီကိုကောင်စစ်ဝန်ရုံးနှင့် ညှိနှိုင်းနေကြောင်း ပြောသည်။

အမှုဖြစ်ပွားခဲ့ရခြင်းမှာ Zhao၏ ပထမဆုံးလုပ်ငန်းခွင် အဆင်မပြေမှုကြောင့်ဖြစ်မည်မဟုတ်ကြောင်း San Francisco Chronicle ကဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း Zhaoမှာ လူတစ်ဦးအား ဦးခေါင်းကို ဓားဖြင့်ခုတ်သတ်ရန်ကြိုးစားခဲ့သည့်အပြင် ခေါင်းအုံးဖြင့်ဖိသတ်ရန်ကြိုးစားခဲ့သည်ဟုလည်း စွဲချက်တင် အထောက်အထားများအရ the Chronicleက ဖော်ပြခဲ့သည်။

သူတို့နှစ်ဦးမှာ အခန်းဖော်များဖြစ်ခဲ့ကြသည်သာမက စားသောက်ဆိုင်တစ်ခုတွင်လည်း အလုပ်အတူတူလုပ်ခဲ့ကြသည်။ ထို့အပြင် Jingjiu Wangဟု ခေါ်သည့် Zhao၏ သူငယ်ချင်းမှာ သူ့၏လုပ်ဆောင်ချက်ကြောင့် ယာယီဖမ်းဆီးထိမ်းသိမ်းရန် စွဲချက်တင်ခဲ့သော်လည်း အကျိုးသက်ရောက်မှုမရှိခဲ့သည့်အပြင် Wangကိုလည်း‌ နှောင်းပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

Zhao သည် တရုတ်နိုင်ငံမှဖြစ်ပြီး အမေရိကန်တွင် အနည်းဆုံး ၁၂ နှစ်ခန့် နေထိုင်ခဲ့သည်ဟု Wagstaffက ပြောကြားခဲ့သည်။ သူသည်အမေရိကန်နိုင်ငံတွင် တရားဝင်နေထိုင်ရန်အတွက် တရားဝင်စာရွက်စာတမ်းများ ရှိ၊ မရှိ၊ ရှိခဲ့မည်ဆိုပါက တရားဝင်နေသေးခြင်းရှိမရှိကို အာဏာပိုင်များက အဆုံးအဖြတ်ပေးနေကြောင်း Wagstaff က ပြောကြားခဲ့သည်။ ၎င်းတို့သည် ၎င်း၏တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် ကြိုတင်ဆက်သွယ်မှုကိုလည်း ရှာဖွေနေပါသည်။

ယခင်က Mountain Mushroom Farm ဟုလူသိများသည့် California Terra Garden နှင့် အနီးနားရှိ Concord Farms တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုဒေသရှိ လယ်သမားအများစုမှာ လက်တင်လူမျိုးများဖြစ်ကြသော်လည်း တောင်မှိုခြံသည် အာရှအလုပ်သမားများကို အလုပ်ခန့်ထားသည့် အနည်းစုထဲမှ တစ်ခုဖြစ်ကြောင်း Half Moon Bay အခြေစိုက် လယ်သမားထောက်ခံအားပေးရေးအဖွဲ့ ALAS ၏ အမှုဆောင်ဒါရိုက်တာ Belinda Hernandez က ပြောသည်။ မှိုစိုက်ခင်းများသည် တစ်နှစ်ပတ်လုံး အလုပ်အတွက် အကျိုးရှိစေသည်ဟု သူမက ဆိုသည်။

ကယ်လီဖိုးနီးယား Terra Garden မှ ပြောရေးဆိုခွင့်ရှိသူ David Oatesက Zhao သည် ထိုနေရာတွင် အလုပ်မည်မျှကြာကြာ အလုပ်လုပ်ခဲ့သည်ကို မသိကြောင်းနှင့် ပိုင်ဆိုင်မှုပြောင်းလဲသွားသည့်အချိန်တွင် တည်းခိုခဲ့သည့် ဝန်ထမ်း ၃၅ ဦးထဲမှ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့တွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ဆိုင်းငံ့ထားမည်ဟု ပြောကြားခဲ့သည်။ Concord Farms ၏တစ်စိတ်တစ်ပိုင်းပိုင်ရှင် Aaron Tung သည် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဗုဒ္ဓဟူးနေ့တွင် တုံ့ပြန်ခြင်းမရှိကြောင်းသိရသည်။

Half Moon Bay သည် ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် မိုင် 30 (50 ကီလိုမီတာ) ခန့်အကွာ ကမ်းရိုးတန်းနှင့် စိုက်ပျိုးရေးမြို့ငယ်လေးဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာ၏ ကျယ်ပြောလှသည့် ရှုခင်းများက ၎င်းကို ရေလှိုင်းစီးရန် နှင့် နှစ်စဉ် ဧရာမရွှေဖရုံသီးပွဲတော်အတွက် လာရောက်ကြသည် တောင်တက်သမားများနှင့် ခရီးသွားများအတွက် ရေပန်းစားသည့် နေရာတစ်ခုဖြစ်သည်။

နှစ်သစ် ၃ ပတ်အတွင်း အမေရိကန်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ခြောက်ခုထိ ရှိခဲ့ပြီး သေဆုံးသူ ၃၉ ဦးထိရှိခဲ့သည်။ Associated Press, USA Today နှင့် Northeastern University တို့က ပြုစုထားသည့် ဒေတာဘေ့စ်တစ်ခုအရ ဇန်နဝါရီ ၁၆ ရက်မှစပြီး ကယ်လီဖိုးနီးယားတွင် ၃ ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေတာဘေ့စ်သည် 2006 ခုနှစ်ကတည်းက US တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတိုင်းကို ခြေရာခံသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

AP သတင်းဌာနမှ Suspect in Half Moon Bay farm killings faces 7 murder countsသတင်းဆောင်းပါးကို ABNမှ ရှိုင်းမိုး ဘာသာပြဆိုသည်။

Half Moon Bay လယ်ယာမြေ သတ်ဖြတ်မှုတွင် သံသယရှိသူ လူသတ်မှု ၇ ခုနှင့် ရင်ဆိုင်နေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ