
ABN-မေအိအိအောင်
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား ယာယီရပ်နားထားသည့် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ယမန်နေ့ ဖေဖော်၀ါရီ ၂၄ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်ပြီး လာမည့် မတ်လ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြီးခဲ့သည့် ဖေဖော်၀ါရီ ၆ ရက်နေ့က နည်းပညာများ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်ရှိသည့်အတွက် လက်မှတ်ထုတ်ပေးမှုကို ယာယီရပ်ထားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
