
ABN-မေအိအိအောင်
ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ဆန်တာကတ်တရီးနားပြည်နယ်၊ နေ့ကလေးထိန်း မူကြိုကျောင်းတစ်ခုတွင် ပုဆိန်ဖြင့်ဝင်ရာက်တိုက်ခိုက်မှုဖြစ်ပွားပြီး ကလေး ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်းဒေသခံရဲတပ်ဖွဲ့နှင် ဆေးရုံမှ သိရသည်။
ယမန်နေ့ ဧပြီ ၅ ရက်နေ့တွင် ဆန်တာကတ်တရီးနားပြည်နယ်၊ Blumeanau မြို့ရှိ မူကြိုကျောင်းတွင် အမျိုးသားတစ်ဦး ပုဆိန်ဖြင့်တိုက်ခိုက်ရာတွင် အသက် ၅ နှစ် နှင့် ၇ နှစ်အရွယ် ယောက်ျားလေး ၃ ဦးနှင့် မိန်ကလေး ၁ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ထိုတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အမျိုးသား အသက်၂၅ နှစ်အရွယ် Cantinho Bom Pastor ကို ရဲတပ်ဖွဲ့များကဖမ်းဆီးထားကြောင်းပြောသည်။
ကျူးလွန်သူမှာ အဆိုပါကျောင်းကွင်းထဲသို့ ကျောင်းနံရံကိုကျော်တက်ပြီး ဝင်လာကြောင်းနှင့် အခင်းဖြစ်ရာ နေရာသို့ ဆရာ/ဆရာမများရောက်လာစဉ် ထွက်ပြေးသွားကါ နောက်ပိုင်းတွင် ကျူးလွန်သူကိုယ်တိုင် ရဲစခန်းသို့ လာရောက်အဖမ်းခံ သည်ဟု ဒေသခံလုံခြုံရေး အကြီးအကဲ Marcio Alberto ကပြောကြောင်း CNN တွင်ဖော်ပြထားသည်။
ဒဏ်ရာရထားသည့် ကလေး ၄ ဦးမှာ အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ်များဖြစ်ပြီး လက်ရှိတွင် Santo Antonion ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။



