Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၇၄ ဦးအထိ ရှိလာ

ABN-နွယ်စိုး

ပါကစ္စတန်တွင် ယမန်နေ့က ဗလီကျောင်းတစ်ခု အသေခံဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသည့်အတွက် ၇၄ ဦးသေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Peshawar မြို့ ဗလီကျောင်းတစ်ခုအတွင်း ယမန်နေ့ ဇန်နဝါရီလ ၃၁ နေ့က နေ့လည် ၁ ၃နာရီ ခွဲတွင် ဝတ်ပြုနေစဥ် အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ ဖော်ပြချက်အရ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဗလီ၏အမိုးအုတ်ဂူများ ပြိုကျပြီး အပျက်အစီးအောက်တွင် ပိကာ အနည်းဆုံး သေဆုံးသူ ၅၉ ဦးနှင့် လူပေါင်း၁၅၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ထို့အပြင် ယနေ့ အင်္ဂါနေ့တွင်လည်း အပျက်အစီးများထဲမှ နောက်ထပ်ရုပ်အလောင်း ၁၅ လောင်းကို ကယ်ဆယ်ရေးသမားများက ဆယ်ယူရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအရာရှိများက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် Peshawar တွင် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ရှိခဲ့ကြောင်း ရဲအရာရှိ မဟာမက် အီဂျက်ဇ်ခန်က ပြောခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်သည့် နေရာတွင် အစိုးရအဆောင်များနှင့်အတူ လုံခြုံရေး တင်းကြပ်ထားသည့်နေရာများထဲမှ တစ်နေရာ ဖြစ်ပြီး ၄င်း၏ နေရာသည် ရဲဌာချုပ်၊ ထောက်လှမ်း‌ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့များတည်ရှိသည့် နေရာများဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လကလည်း Peshawar မြို့တွင် ရီယာမွတ်ဆလင် တစ်ခုမှာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ဒါဇင်နှင့်ချီသော လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည် ဟု သိရသည်။

Ref-AP

ပါကစ္စတန်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၇၄ ဦးအထိ ရှိလာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ