Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံကူးလက်မှတ်ဒဏ်ကြေး မလေးငွေ ၄၈၀ သို့ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးထုတ်ပြန်

နိုင်ငံကူးလက်မှတ်ဒဏ်ကြေး မလေးငွေ ၄၈၀ သို့ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးထုတ်ပြန်

ABN-ဟိန်းထွန်း

ဇူလိုင် ၂၅ ရက်

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးငွေ မလေးရင်းဂစ် ၄၈၀ ထိတိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

ယခင်က နိုင်ငံကူးလက်မှတ်ဒဏ်ကြေး ရင်းဂစ် ၃၃၀ ရှိခဲ့သော်လည်း လက်ရှိတွင် ၄၈၀ ထိတိုးမြင့်ကောက်ခံလိုက်သည့်အတွက် မြန်မာပြည်သူများစွာအခက်တွေ့နေရကြောင်းသိရသည်။

လက်ရှိပေါက်စျေးအရ မလေးရှားငွေ ၁ ရင်းဂစ်ကို မြန်မာငွေကျပ် ၆၈၃ ကျပ်ရှိကာ ရင်းဂစ် ၄၈၀ ဆိုလျှင် ၃၂၇,၈၄ဝ ကျပ်

(ကိန်းဂဏန်းစာသားအားဖြင့် သုံးသိန်း နှစ်သောင်း ခုနှစ်ထောင် ရှစ်ရာ လေးဆယ် ကျမည်ဖြစ်ကြောင်းတွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည့် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးအနေဖြင့် ညွန်ကြားချက်အရ မြန်မာနိုင်ငံသားများ၏ ဒဏ်ကြေးငွေကောက်ခံမှုနှင့်ပတ်သက်၍ ၇-၂၄-၂၀၂၃ ရက်နေ့မှ ယခင်ကောက်ခံနေသည့် ​ဒေသသုံးငွေ ရင်းဂစ် ( ၃၃၀) အစား ရင်းဂစ် ( ၄၈၀) သို့ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုး၊ ပျောက်ဆုံး ၊အသစ်လျှောက်ထားလိုသူများသည် မလေးရှားနိုင်ငံ၏ ဒေသသုံးငွေ ရင်းဂစ် ၄၈၀ ကိုပေးဆောင်ရမည်ကြောင်းသိရသည်။

အဆိုပါလက်မှတ် ဂအသစ်လျှောက်ရာတွင် မှတ်ပုံတင် (မူရင်း)၊ အိမ်ထောင်စုစာရင်း( မိတ္တူ )ပါရှိရမည်ဖြစ်ပြီး လာရောက်လျှောက်ထားလိုသူများအနက်မှ ခွင့်ပြုချက်ကျသူများကို မြန်မာသံရုံး၏ Website လိပ်စာဖြစ်သော https://myanmarembassykl.org ရှိ Announcement စာမျက်နှာတွင်ဝင်ရောက်ကြည့်ရှူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မလေးနိုင်ငံ၌အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများသည် စားဝတ်နေရေးအဆင်မပြေလည်မှုများရှိနေသည့်အပြင် သူဌေးများက လုပ်အားခကို မပေးသည့်အပြင် ဖမ်းဆီးရိုက်နှက် အနိုင်ကျင့်စော်ကားမှုများနှင့် အာဏာပိုင်များ၏ ​အရေးယူမှုကြောင့် ပုန်းရှောင် နေရကြရသည့်လူများစွာရှိကြောင်းလည်းသိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း မလေးရှားနိုင်ငံရှိ စက်ရုံတစ်ခုတွင် မြန်မာအမျိုးသား ၂၀၀ ကျော်ကို မလေးအာဏာပိုင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ