သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒီမိုကရက်တစ် ဆိုရှယ်လစ်တစ်ဦးအနေဖြင့်သာ မြို့တော်ကို တာဝန်ယူအုပ်ချုပ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် မမ်ဒါနီ ပြော

AB News – ဇန်နဝါရီ ၂၊ ၂၀၂၆

ဒီမိုကရက်တစ်ပါတီ၏ ဆိုရှယ်လစ်နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် နယူးယောက်မြို့တော်ဝန် မမ်ဒါနီ (Zohran Mamdani)က ဒီမိုကရက်တစ် ဆိုရှယ်လစ်တစ်ဦးအနေဖြင့်သာ မြို့တော်ကို တာဝန်ယူအုပ်ချုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပြောကြားခဲ့သည်။

မမ်ဒါနီသည် ယခင်က အရင်းရှင်များသာ အစဥ်အလာဖြင့် ထိန်းချုပ်ထားလေ့ရှိသော နယူးယောက်မြို့တော်ဝန် ရာထူးကို ပထမဆုံးရယူနိုင်ခဲ့သည့် မူဆလင်တစ်ဦးလည်း ဖြစ်သည်။

အသက် ၃၄ နှစ်သာရှိသေးသော ဆိုရှယ်လစ် တစ်ဦးဖြစ်သူ မြိုတော်ဝန် မမ်ဒါနီသည် အဆိုပါ ကျမ်းသစ္စာကျိန်ဆိုချိန်တွင် ခရစ်ယာန်သမ္မာကျမ်းစာအစား၊ အစ္စလာမ် ကိုရန်ကျမ်းဖြင့်သာ ကျိန်ဆိုခဲ့သည်။

ထို့ပြင် မမ်ဒါနီက နယူးယောက်မြို့ကို ကြီးမားသော ဆန်းသစ်တီတွင်မှုများ လုပ်ဆောင်သွားမည်ဟု ၎င်း၏ ရာထူးလက်ခံမှု အခန်းအနားမှာပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်