သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နယ်စပ်တွင် မြန်မာအလုပ်သမားများ ဆက်တိုက် ဖမ်းဆီးခံနေရ
တရုတ်နယ်စပ်တွင် မြန်မာအလုပ်သမားများ ဆက်တိုက် ဖမ်းဆီးခံနေရ

AB News – သြဂုတ် ၁၉၊ ၂၀၂၅
ဒေဝီ

ယခုရက်ပိုင်းအတွင်း တရုတ်-မြန်မာနယ်စပ်တွင် တရုတ်အာဏာပိုင်များက မြန်မာအလုပ်သမားများကို ဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ကူးစက်ရောဂါရှိကြောင်း တွေ့ရှိရသူများကို တရုတ်နိုင်ငံအတွင်း ဝင်ခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်ဟုလည်းသိရသည်။

ရွှေလီမြို့ရောက် မြန်မာအမျိုးသမီးတစ်ဦးက “တရုတ်က မြန်မာနိုင်ငံသားတွေကို အများအပြား ပြန်ဖမ်းနေတယ်။ စာအုပ်အဟောင်းရော၊ အသစ်ပါမကျန် ဖမ်းနေတာ။ နေထိုင်တဲ့အခန်းတွေအထိပါ လာဖမ်းမှာ အရမ်းစိုးရိမ်နေရတယ်” ဟုဆိုသည်။

ဖမ်းဆီးခံရသူများသည် မံစီ ၁၅၆ တွင် လပေါင်းများစွာ အချုပ်ခံရပြီးနောက် မူဆယ်ဘက်သို့ ပြန်ပို့ခံရကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ စတင်ဝင်ရောက်ချိန်ကတည်းက ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါရှိသူများကို နိုင်ငံအတွင်း နေထိုင်ခွင့်မပေးကြောင်း ၎င်းက ရှင်းပြသည်။

ဖမ်းဆီးစစ်ဆေးစဉ် ကူးစက်ရောဂါတွေ့ရှိသူများကို တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် အပြီးအပိုင် ပိတ်ပင်လိုက်ကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ