Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆားဗီးယားနိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ဦးနှင့် လုံခြုံရေး ၁ ဦး သေဆုံး

ဆားဗီးယားနိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ဦးနှင့် လုံခြုံရေး ၁ ဦး သေဆုံး

ABN-မေအိအိအောင်

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပြီး လူ ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြာင်းသိရသည်။

သေနတ်ပစ်ခတ်ခဲ့သူမှာ အသက် (၁၄) နှစ်အရွယ် Grade 7 ကျောင်းသား ယောက်ျားလေးတစ်ဦးဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ပစ်ခတ်သူ၏ အတန်းဖော် (၈) ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများကပြောသည်။

ယမန်နေ့ မေလ ၃ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ပစ်ခတ်မှုမှုကျူးလွန်ခဲ့သူမှာ သူ့ဖခင်၏ သေနတ်ဖြင့် လုံခြုံရေးအစောင့်တစ်ဦးအား ပထမဆုံး ပစ်ခတ်ခဲ့ကာ နောက်မှ လမ်းတွင်သွားနေသည့် မိန်းကလေး ၃ ဦးကို ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းနောက်တွင် သမိုင်းစာသင်ခန်းအတွင်း ဝင်ရောက်သွားပြီး ဆရာမနှင့် အတန်းဖော်များကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရသည့် ဆရာမနှင့် ကျောင်းသူ/ကျောင်းသား (၆) ဦးကို ဆေးရုံတင်ထားပြီး အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။

ပတ်ခတ်မှုကျူးလွန်သည့် ကျောင်းသားက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး ပစ်ခတ်မှုကိုဝန်ခံခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးထားကြောင်း သိရသည်။

ကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် ယောက်ျားလေးထံတွင် သေနတ် (၂) လက်နှင့် ဓာတ်ဆီပုလင်ဗုံး (၂) ခု တွေ့ရှိခဲ့ရကြောင်းနှင့် အားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဘဲလ်ဂရိတ်ရဲတပ်ဖွဲ့ အကြီးအကဲ Veselin Milic က ဆိုသည်။

လက်ရှိတွင် သေနတ်ပစ်ခတ်သူကျောင်းသားအား မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ကျူးလွန်ခဲ့သည်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ