Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကယ်လီဖိုးနီးယားတွင် တရုတ်နှစ်သစ်ကူးနေ့ကျင်းပနေစဉ် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုလုပ်နေစဉ် သေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ဦးထပ်မံသေဆုံး

ABN – သူရမောင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့အနီးရှိ မွန်တာရီပက်ဒေသတွင် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့က တရုတ်နှစ်သစ်ကူးနေ့ကျင်းပနေစဉ်အတွင်း သေနတ်ပစ်ခတ််မှုကြောင့် သေဆုံးသွားသူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုလုပ်နေစဉ်အတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၇ ဦး ထပ်မံသေဆုံးသွားခဲ့ရကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုမှာ ဆန်ဖရန်စစ္စကိုမြို့တောင်ဘက်မိုင် ၃၀ခန့်အကွာတွင်ရှိသည့် Half Moon ပင်လယ်ကမ်းခြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်သူမှာ အသက် ၆၇ နှစ်အရွယ် Zhao Chunli ဖြစ်ပြီး ယခုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားချိန်တွင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ် ပစ်သတ်ခံခဲ့ရသူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးနေချိန်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူများထဲမှ လေးဦးကို ဇန်နဝါရီ ၂၃ ရက် ဒေသစံတော်ချိန်် မွန်လွဲ ၂ နာရီခွဲတွင် မှိုစိုက်ခင်းတစ်ခုထဲမှ ရှာဖွေတွေ့ရှိခဲ့ပြီး အခြားသေဆုံးသူ သုံးဦးကို အနီးအနားရှိ ကုန်တင်ယာဉ်လုပ်ငန်းထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းရဲစခန်းက တရားခံမှာ ရဲစခန်းတွင် သူကိုယ်တိုင် ကားမောင်းပြီး လာရောက်အဖမ်းခံခဲ့ကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရားခံထံမှ ပစ်ခတ်မှုတွင် သုံးစွဲခဲ့သည်ဟု ထင်ရသည့် ဆီမီးအော်တိုမက်တစ် ပစ္စတိုတစ်လက်ကိုလည် သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် တရုတ်နှစ်သစ်ကူးနေ့ကလည်း ကယ်လီဖိုးနီးယာတွင် ပွဲတော်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရသည်။

Ref-BBC

ကယ်လီဖိုးနီးယားတွင် တရုတ်နှစ်သစ်ကူးနေ့ကျင်းပနေစဉ် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုလုပ်နေစဉ် သေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ဦးထပ်မံသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ