Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကဘူးလ်တိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးများအား အာဖဂန်နစ္စတန်မှ ချက်ချင်း ထွက်ခွာရန် တရုတ်ပြော

ကဘူးလ်မြို့အလယ်ရှိ တရုတ်ပိုင်ဟိုတယ်တစ်ခုကို တိုက်ခိုက်ခံလိုက်ရသည့်နောက်ပိုင်း အာဖဂန်နစ္စတန်မှ တရုတ်နိုင်ငံသားများအား တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာရန် တရုတ်က ပြောကြားလိုက်သည်။

တရုတ်လူမျိုးများ မကြာခဏ လည်ပတ်ရာနေရာတစ်ခုဖြစ်သည့် ဟိုတယ်ကို ကြာသပတေးနေ့က ပစ်မှတ်ထားပြီး လက်နက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ရသည်။

“အာဖဂန်နစ္စတန်ရဲ့ လက်ရှိလုံခြုံရေးအခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေနှင့် အဖွဲအစည်းတွေကို အာဖဂန်နစ္စတန်က တတ်နိုင်သမျှ အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာဖို့၊ သံရုံးသို့ သူတို့၏ ကိုယ်ရေးအချက်အလက်တွေကို တင်သွင်းဖို့နှင့် တချိန်တည်းမှာပဲ လုံခြုံရေးအရ လုံခြုံအောင်စီစဉ်ပေးရန် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဒီဇင်ဘာလ ၁၃ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Wenbin က ထိုတိုက်ခိုက်မှုသည် အလွန်ဆိုးရွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး တရုတ်သံရုံးအနေဖြင့်လည်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အာဖဂန်နစ္စတန်ကို တောင်းဆိုထားသည်များလည်း ရှိကြောင်း ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုမှာ အာဖဂန်နစ္စတန်မှာ ရှိတဲ့ တရုတ်သံရုံးက အာဖဂန်အစိုးရကို တိုင်တန်းမှုတွေလုပ်ထားတာတွေရှိတယ်၊ ပြီးတော့ တရုတ်နိုင်ငံသားတွေကို ရှာဖွေစုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ဝိုင်းဝန်းကူညီပေးဖို ပြောထားပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တာလီဘန်များအနေဖြင့် အပြစ်ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို ယူဆောင်ပေးဖို၊ အာဖဂန်နစ္စတန်က တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးအတွက် ကြိုးစားလုပ်ဆောင်ပေးရန် တရုတ်က တောင်းဆိုထားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယိုက လူအများအပြား သေဆုံးခဲ့ရသည့် ကဘူးလ်ဟိုတယ်ကို တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က အသေအပျောက်များတဲ့ ကဘူးလ်ဟိုတယ်တိုက်ခိုက်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ အတွင်ရေးမှူးချုပ်က ဒဏ်ရာရှိသွားတဲ့ သူတွေကို အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆုတောင်း မေတ္တာပို့သခဲ့ပြီး အသက်ဆုံးရှုံးခံလိုက်ရတဲ့ မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပိုခဲ့ပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ စတက်ဖိန် ဒူဂျာရစ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်တွင်ရှိသည့် ကုလသမဂ္ဂ မစ်ရှင်က ကဘူးလ်မြို့ရှိ ဟိုတယ် အဆောက်အဦးတစ်ခုကို တိုက်ခိုက်ခဲ့သည့်အတွက် တရုတ်နိုင်ငံသားအများအပြားသေဆုံးခဲ့မှုကို ရှုတ်ချပြောဆိုလိုက်သည်။

“အာဖဂန်နစ်စတန်က အကြမ်းဖက်တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်မရှိပေမယ့် စစ်ပွဲသက်တမ်း နှစ် ၄၀ ကျော်ကို ပိုရှည်ကြာအောင်လုပ်လိုက်တာဖြစ်ပါတယ်၊ ကျွန်တော်တို့က ဒုက္ခသည်တွေဖက်က ခိုင်ခိုင်မာမာ ရပ်တည်နေမှာပါ” ဟု ကုလသမဂ္ဂကူညီရေးမစ်ရှင် (UNAMA)က တွယ်တာစာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

ကဘူးလ်တိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးများအား  အာဖဂန်နစ္စတန်မှ ချက်ချင်း ထွက်ခွာရန် တရုတ်ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ