Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Myanmar Now ဓာတ်ပုံသတင်းထောက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

Myanmar Now ဓာတ်ပုံသတင်းထောက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

AB News-​စက်တင်ဘာ ၇ ရက်

Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် တစ်ဦးဖြစ်သူ ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း မြန်မာနောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် ရခိုင်တွင် မိုခါမုန်တိုင်း တိုက်ပြီးအလွန်ကာလ၌ ကွင်းဆင်းသတင်းရယူနေစဥ် စစ်ကောင်စီက မေလ ၂၃ ရက်နေ့က စစ်တွေတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစိုင်းဇော်သိုက်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)။ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့် တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Now သတင်းအရ သိရသည်။

ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့်မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းဖြစ်သည့် စက်တင်ဘာ ၆ ရက်နေ့က စစ်ခုံရုံးဖြင့် ထိုသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

၎င်းသည် မြန်မာနောင်း သတင်းဌာနတွင် ၂၀၁၇ ခုနှစ်ကတည်းက သတင်းထောက်အဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ