Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KBCဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ

KBCဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ

ABN-နွယ်စိုး

အာဏာသိမ်းစစ်ကောင်စီတပ်တရားရုံးမှ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်းဒေါက်တာ ခလမ်ဆမ်ဆွန်ကို ယနေ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ ကြောင်း သိရသည်။

၄င်းအား ချမှတ်ခံခဲ့ရသည့် ပုဒ်မများမှာ ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ်၂ နှစ်၊ ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၁ နှစ်အနှင့် ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သည်။

‌ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ဆေးကုသရန် အတွက် မန္တလေး လေဆိပ်သို့ ရောက်ရှိချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

၄င်းကို စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးသူအောင်ဇော်က တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ၄င်းအား အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၂(က) တို့ဖြင့် ထပ်တိုး တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရကြောင်း သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းက KlO/ KlA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ဗိုလ်ချုပ်ဂွမ်မော်တို့နှင့် သွားရောက်တွေ့ဆုံခဲ့သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ရှေ့နေများမှ တဆင့် သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ