Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားခဲ့ရသည့် The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်အတူ တနေ့တည်းဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်အချို့ပြန်လည်လွတ်မြောက်

၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားခဲ့ရသည့် The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်အတူ တနေ့တည်းဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်အချို့ပြန်လည်လွတ်မြောက်

ABN-ဟိန်းထွန်း

ဇူလိုင် ၈ ရက်

ပဇီကြီးရွာတွင်လေကြောင်းတိုက်ခိုက်မှုကို သတင်းရေးသားဖော်ပြခဲ့သည့် The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်အတူ တနေ့တည်း ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်များတစ်ချို့ ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

ဖမ်းဆီးခံခဲ့ရသော သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နှင့် မေလသံစဥ်တို့ပါဝင်ကြောင်းအနုပညာရှင် အသိုင်းအဝိုင်းထံမှသိရသည်။

ဦးကျော်မင်းဆွေကို ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီမှ ရန်ကုန်မြို့ စမ်းချောင်းရှိ ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့မှာ စမ်းချောင်းမြို့နယ်ရဲစခန်းတွင် ၅၀၅ ( က)ဖြင့် တရားစွဲဆိုခဲ့သည်။

ထို့အပြင် ဦးကျော်မင်းဆွေနှင့်အတူတနေ့တည်းအတူ ဖမ်းဆီးခံခဲ့ရသည့် အနုပညာရှင်များဖြစ်ကြသော သရုပ်ဆောင် မေပန်းချီနှင့် တေးသံရှင် ရွှေရည်သိန်းတန်တို့ကိုလည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၁ ရက်နေ့က ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် ကန့်ဘလူးမြို့နယ် ပဇီကြီးရွာ၏ အလှူပွဲတစ်ခုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၁၀၀ ကျော်ခန့် သေဆုံးသွားခဲ့သည်။

၎င်းဖြစ်စဥ်နှင့်ပတ်သက်ပြီး သတင်းရေးသား၍ ဖော်ပြခဲ့သည့် The Voice Journal အယ်ဒီတာချုပ်ကို စစ်ကောင်စီမှ ဖမ်းဆီးကာ တရားလိုပြုလုပ်ပြီး မတရားစွဲခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ