Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အရပ်သားများကို အကာအကွယ်ပေးရန်၊ စစ်တပ်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို အပြည့်အ၀ လိုက်နာရန်နှင့် အရပ်သားနေထိုင်ရာအနီးပတ်ဝန်းကျင်မှ စစ်ဆင်ရေးများကို ချက်ချင်းရပ်ပစ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆို

အရပ်သားများကို အကာအကွယ်ပေးရန်၊ စစ်တပ်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို အပြည့်အ၀ လိုက်နာရန်နှင့် အရပ်သားနေထိုင်ရာအနီးပတ်ဝန်းကျင်မှ စစ်ဆင်ရေးများကို ချက်ချင်းရပ်ပစ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆို

AB News – မတ်လ ၁၊ ၂၀၂၄

အရပ်သားများကို အကာအကွယ်ပေးရန်၊ စစ်တပ်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို အပြည့်အ၀ လိုက်နာရန်နှင့် အရပ်သားများ နေထိုင်ရာအနီးပတ်ဝန်းကျင်မှ စစ်ဆင်ရေးများကို ချက်ချင်းရပ်ပစ်ရန် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှု အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ယနေ့ မတ်လ ၁ရက်နေ့တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေသည် ‘အဆုံးမရှိသော အိပ်မက်ဆိုးအဖြစ်သို့ ပြောင်းလဲသွားသည်” ဟု Türk က ဆိုသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်အာဏာရှင်အဖွဲ့၏ ၃နှစ်ကြာ အုပ်ချုပ်မှုသည် ပြည်သူများအပေါ်သည်းမခံနိုင်သော ဆင်းရဲဒုက္ခနှင့် ရက်စစ်ကြမ်းကြုတ်မှုအဆင့်ကို ဆက်လက်လွှမ်းမိုးခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အမျိုးသမီး ၆၅၉ ဦးနှင့် ကလေး ၄၉၀ အပါအဝင် အရပ်သား ၄,၆၀၃ ကျော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း ၎င်းကပြော သည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက ပြည်သူများအ‌ပေါ် ရက်စက်ကြုမ်းကြုတ်သည့် လုပ်ရပ်များကို ပြုမှုခဲ့ပြီး အမျိုးသမီး ၁၁၃ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀၀ ခန့်ကို အရှင်လတ်လတ် သို့မဟုတ် သေဒဏ်ပေးပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်က ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုတစ်ခုတွင် လက်နက်ကိုင် အတိုက်အခံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စွပ်စွဲခံထားရသော ဖမ်းဆီးခံထားရသူနှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည့် ရုပ်သံ လူမှုမီဒီယာတွင် တွေ့ခဲ့ရသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် ခမရ ၃၇၈ တပ်ရင်း၊ ဗဟိုကင်းအချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် သတင်းထောက် မြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် ၇ဦးကို  နောက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းနောက်စေ့ကို သေနတ်ဖြင့် ပစ်ခဲ့သည်။

ထို့အပြင် မင်းပြားမြို့တွင်လည်း ခမရ ၃၇၉ တပ်ရင်းအတွင်း ဖမ်းဆီးထားသည် အကျဉ်းသား ၂ဦးကို ရက်စက်စွာ ပစ်သတ်ခဲ့ကြောင်း ‌သိရှိရသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေလက်ထက်တွင် ပြဌာန်းခဲ့သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြဌာန်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် အသက် ၁၈နှစ်မှ  ၃၅နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈နှစ်မှ ၂၇နှစ်ကြား အမျိုးသမီးများကို စစ်မှုထမ်းရန် အကြမ်းဖက်ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိသည်။

ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင် စစ်ကောင်စီက ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ အမျိုးသား ၁၀၇ဦးကို စစ်သင်တန်းပေးရန် ခမရ ၅၄၂ တပ်ရင်းသို့ အတင်းအကျပ်ဖမ်းဆီးခေါ်ယူသွားသည့်အပြင် ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်လူငယ်များကိုလည်း ကျောက်ဖြူလေဆိပ်၊ စစ်တွေလေဆိပ်၊ အမ်းလေဆိပ်တို့၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သောကြောင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပြတ်တောက်ခဲ့ပြီး  ပြည်သူများမှာ အငတ်ဘေးနှင့် ကြုံတွေ့နေကြရသည်။

စစ်အာဏာရှင်များ၏ ဝသီအတိုင်း ပြည်သူများကို သတင်းအမှောင်ချကာ လူအခွင့်အရေးများကို ချိုးဖောက်ရန်၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်ရန်အလို့ငှာ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ စတင်ကာ ရက္ခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင်လည်း ရခိုင်ပြည်၊ မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးတွင်  စစ်ကောင်စီ ရေတပ်မှ စစ်ရေယာဉ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်က အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်နိုင်သည့် မည်သည့် လုပ်ဆောင်မှုများကိုမဆို ရပ်တန့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုခဲ့သည်ကို တွေ့ရှိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး