ABN-ရှိုင်းမိုး
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် လိပ်ပုတ်ရွာအုပ်စု အမှတ် ၄ လမ်းမကြီးပေါ်တွင်တည်ရှိသည့် အရက်ချက်စက်ရုံ မီးလောင်မှု ဖြစ်ပွားရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းရာတွင် ၁၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲကျော်မှစ၍ မီးစလောင်းပြီး ည ၈ နာရီ ၃၇မိနစ်တွင် မီးသတ်တပ်ဖွဲ့မှ မီးထိန်းနိုင်ခဲ့ကြောင်း ကြော်ညာခဲ့သော်လည်း ည ၉ နာရီကျော်အချိန်တွင် မီးကြွင်းမှ ဆက်လက်လောင်းကျွမ်းသောကြောင့် မီးသတ်များသည် ဆက်လက်ပြီးမီးငြိမ်းနေခဲ့ရသည်ဟု သိရသည်။
အဆိုပါ မီးလောင်းမှုကြောင့် စက်ရုံရှိ အရက်ဆီ ဂါလံ ၅ သောင်းကျော်ဆန့် ဘူး ၃လုံး၊ အရက်ဆီ လီတာ ၂ သောင်းကျော်ကျော်ဆန့် ဘူး ၆ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့လောင်ကျွမ်းသွားပြီး၊ နံနက်ည ၅ နာရီကျော်တွင် စက်ရုံတွင်းပေါက်ကွဲမှု ဖြစ်သောကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။



