Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာသုံးပြီး ပေါင် ၅၀၀ ဗုံးများဖြင့် ယနေ့ နေ့လည်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၁၅ ရက် နေ့လည် ၁၂ နာရီကျော်မှ ၁ နာရီထိ ကွေ့ချောင်းရွာ နှင့် ရှင်စောပြင်ရွာများဖက်သို့ ပေါင် ၅၀၀ဗုံး ၈ လုံးထိ ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

ဒီနေ့ ၁၂ နာရီလောက်ကနေ ၁ နာရီကျော်ထိ ရွာ ၂ ရွာကို ဗုံးကြဲချခဲ့ပါတယ်။ ဗုံး ၈ လုံးလောက်ပေါက်ကွဲသွားတယ်။ ပေါင် ၅ဝဝ ဗုံးဖြစ်နိုင်တယ်။ ဟု

ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါဗုံးပေါက်ကွဲမှုသည်  ၁၀ မိုင်ခန့်အကွာအဝေးမှ မြေများ တုန်လှုပ်သွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဗုံးကြဲတဲ့ နေရာနဲ့ ကျမတို့နေတဲ့နေရာက ၁၀ မိုင်လောက် ဝေးပါတယ်၊ ဒါတောင် မြေကြီး တုန်လှုပ်သွားပါတယ်။ ဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ ဟု

ဆိုသည်။

သံတွဲမြို့နယ်အား စစ်ကောင်စီက ပထမဆုံးအကြိမ်လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သံတွဲတွင် စစ်ကောင်စီက ယခု ရက်ပိုင်းအတွင်း ရေတပ် နေဗီများမှ လက်နက်ကြီးများဖြင့် နေတိုင်းပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းများရှိနေသော်လည်း ၂ ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မဟုတ်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် သံတွဲသို့ ရေတပ် နေဗီများမှ လက်နက်ကြီးများအပါအဝင် လေကြောင်းတိုက်ခိုက်မှုများပါအသုံးပြုတိုက်ခိုက်လာသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် နေကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။

အခုက နေ့တိုင်းပစ်နေတာ။ နေဗီက လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့လည်း ဂျက်နဲ့လာပစ်တယ်။ ပြည်သူတွေလည်း စိုးရိမ်နေကြတယ်။ ဆိုသည်။

ဒေသခံတစ်ဦးက ဆိုသည်။

သံတွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် လူငယ်များအား  စစ်ကောင်စီက စစ်မှုအထမ်းမနေရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ရှိနေသည့်အတွက် လူငယ်အချို့မှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်းလည်း သိရသည်။

#ABN#သံတွဲ# စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ